အမြဲအလှူအတန်းလုပ်နေတဲ့ နန်းဆုရတီစိုး အတွက် ကြည်နူးစရာ စာလွှာလေး ရေးသားခဲ့တဲ့ ပရိသတ်တစ်ဦး

Posted on

ရှမ်းတရုတ်ကပြားမလေး နန်းဆုကတော့ ကိုရီးယားမလေးတွေလို အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသလို အရုပ်မလေးလို့ထင်မှတ်ရလောက်အောင် လှပတဲ့ မင်းသမီးလေးတစ်ယောက်ပါ ။ အမြဲလိုလို အလှူအတန်း တွေပြုလုပ်တတ်ပြီး ပရိသတ်တွေကိုလည်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။

အခုလို အလှူရေစက်လက်နဲ့မကွာ အမြဲလှူဒါန်းနေတဲ့ နန်းစုအတွက် သူမရဲ့ ပရိသတ်တစ်ဦးက စာလေးတစ်ခုရေးသားလာခဲ့ ပါတယ် ။ ခဲဖွယ်မုန့်ဆွမ်း သင်္ကန်းဝတ်လှူ ၊လှဲမူတံမြက် မထွက်ဒေါသလေးပါပြ လူလှလူချောဖြစ်ကြောင်းတည်း။ ဆွမ်း လှူ ဒါန်း ရသော ကုသိုလ်အကျိူးအားကြောင့် အဝတ်အထည်တွေလှူဒါန်းရသော ကုသိုလ်အကျိုးအားကြောင့်တံမြက်လှဲရသော ကုသိုလ်အကျိုးအားကြောင့်ဒေါသမထွက်ချစ်ခင်တတ်သောကုသိုလ်အကျိုးအားကြောင့်သည်ထက်မကလှပ အောင်မြင်ဦး တော့မည် သာ ဆိုတဲ့ စာသားလေးကို ရေးသားခဲ့တာဖြစ်ပါတယ် ။

ဒီစာလေးကို နန်းဆုရဲ့ ပရိသတ်တွေက We Love Group ထဲမှာ Share ထားကြတာပဲဖြစ်ပါတယ် ။ အလှူအတန်းတွေ အမြဲလုပ်နေတဲ့ နန်းဆုတစ်ယောက်လည်း ဒီထက်မက အောင်မြင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်နော် ။

Source : Kyal Takhon
Emily (Cele Zone )