အူတက်အောင်ရယ်နေရတဲ့ ဖြူဖြူထွေးရဲ့ ဟာသဗီဒီယိုအသစ်

Posted on

ဟာသလုပ်တဲ့နေရာမှာတော့ ဝါရင့်သရုပ်ဆောင်တွေအတိုင်းကို ပြောင်မြောက်လွန်းတဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ဟာသ Tik Tok ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီ အရောက်ပို့ပေးလိုက်ပါပြီ။ မရိုးနိုင်တဲ့ဟာသတွေနဲ့ ရယ်မောချင်စရာတွေက ကြည့်မိသူတိုင်းကို မိနစ်ပိုင်းလောက် ဘဝအမောတွေပြေစေမှာတော့သေချာပါတယ်။

ချစ်စရာအပြုံးလေးနဲ့ ရိုးသားတဲ့ သဘောဖြူတောသူလေးရဲ့ ဟန်ပန်လေးတွေက ချစ်ဖို့ကောင်းလွန်းပါတယ်။ မိဘကိုလည်းသိတတ်ပြီး ကိုယ့်ရပ်ရွာကိုလည်း ကောင်းကျိုးပြုတတ်တဲ့ ကျေးဇူးသိတတ်သူလေးဟာ နယ်ကအိမ်လေးအပြင် ရန်ကုန်မှာပါ ကိုယ်ပိုင်အိမ်လေး ဝယ်ပြီး သာယာတဲ့အိမ်ဂေဟာလေးဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။

ရိုးသားတဲ့အပြုအမူ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးဟာ ဟာသလေးတွေလည်းလုပ်တတ်ပြီး ပရိသတ်တွေကိုပျော်ရွှင်စေခဲ့ပါတယ်။ သူမရဲ့ Tik Tok ဗီဒီယိုလေးကို ” မရတော့ဘူး ကွကိုယ်လူရွှင်တော် လုပ်ပြီ ” ဆိုပြီး လူမှုကွန်ရက် မှာ ဝေမျှလိုက်တာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Phyu Phyu Htwe

(ဇော်ဂျီဖြင့်ဖတ်ရန်)

အူတက္ေအာင္ရယ္ေနရတဲ့ ျဖဴျဖဴေထြးရဲ႕ ဟာသဗီဒီယိုအသစ္

ဟာသလုပ္တဲ့ေနရာမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္ေတြအတိုင္းကို ေျပာင္ေျမာက္လြန္းတဲ့ ျဖဴျဖဴေထြးတစ္ေယာက္ သူမရဲ႕ဟာသ Tik Tok ဗီဒီယိုေလးေတြကို ပရိသတ္ေတြဆီ အေရာက္ပို႔ေပးလိုက္ပါၿပီ။ မ႐ိုးႏိုင္တဲ့ဟာသေတြနဲ႔ ရယ္ေမာခ်င္စရာ ေတြက ၾကည့္မိသူတိုင္းကို မိနစ္ပိုင္းေလာက္ ဘဝအေမာေတြေျပေစမွာေတာ့ေသခ်ာပါတယ္။

ခ်စ္စရာအၿပဳံးေလးနဲ႔ ႐ိုးသားတဲ့ သေဘာျဖဴေတာသူေလးရဲ႕ ဟန္ပန္ေလးေတြက ခ်စ္ဖို႔ေကာင္းလြန္းပါတယ္။ မိဘကို လည္းသိတတ္ၿပီး ကိုယ့္ရပ္႐ြာကိုလည္း ေကာင္းက်ိဳးျပဳတတ္တဲ့ ေက်းဇူးသိတတ္သူေလးဟာ နယ္ကအိမ္ေလးအျပင္ ရန္ကုန္မွာပါ ကိုယ္ပိုင္အိမ္ေလးဝယ္ၿပီး သာယာတဲ့အိမ္ေဂဟာေလးျဖစ္ေအာင္ ဖန္တီးႏိုင္ခဲ့ပါတယ္။

႐ိုးသားတဲ့အျပဳအမူ အေျပာအဆိုေလးေတြေၾကာင့္ ပရိသတ္ေတြကအခ်စ္ပိုေနရသူေလးဟာ ဟာသေလးေတြလည္း လုပ္တတ္ၿပီး ပရိသတ္ေတြကိုေပ်ာ္႐ႊင္ေစခဲ့ပါတယ္။ သူမရဲ႕ Tik Tok ဗီဒီယိုေလးကို ” မရေတာ့ဘူး ကြကိုယ္လူ႐ႊင္ေတာ္ လုပ္ျပီ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်လိုက္တာမို႔ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Phyu Phyu Htwe