ဘဝမှာလမ်းပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တစ်ယောက်ရဲ့ စကားလေးတစ်ခွန်းကြောင့် ပီတိဖြစ်ခဲ့ရတဲ့ ပန်ကိတ်

Posted on

ပန်ကိတ်ဒါဒါကတော့ အဆိုတော်ရွှေထူးရဲ့ချစ်သူဟောင်းအနေနဲ့ ပရိသတ်တွေသိကြသလို Beauty Blog လေးတွေ တင်ဆက်ပေးတာကြောင့်လည်း မိန်းကလေးပရိသတ်တွေလည်း ရရှိထားတဲ့ သူတစ်ယောက်ပါ ။မြန်မာနိုင်ငံကို ပြန်ရောက်ခိုက်မှာ ပရိသတ်တွေနဲ့တွေ့ဆုံပွဲလေးပြုလုပ်ခဲ့ပြီး ပရိသတ်တွေမေးမြန်းတဲ့မေးခွန်းလေးတွေအပေါ်မှာ ဆွေးနွေးပေးခဲ့ပြီး အလုပ်ထဲမှာအဆင်မပြေတာ၊အချစ်ရေးမှာအဆင်မပြေတာနဲ့ အထီးကျန် တတွေကိုလည်း ပြောဆိုဆွေးနွေးခဲ့ပါတယ် ။

လတ်တလောမှာတော့ သူမရဲ့ ပရိသတ်တစ်ယောက်က ” ဘဝမှာ တစ်နှစ်နီးပါးလမ်းပျောက်ခဲ့ဖူးတယ် ညီမရဲ့ ဗီဒီယိုတွေ ၊ ညီမထားတဲ့ စိတ်ထား ၊ ကြိုးစားမှု ရပ်တည်မှု အားလုံးကို အရမ်းသဘောကျတယ် လေးစားမိတယ် ။ ဘယ်သူ့ရဲ့စာတွေဖတ်ဖတ် စိတ်ဓာတ်မတက်လာခဲ့ဘူး ။ ဖေ့ဘုတ်စ်က Official အကောင့်ကို ပိတ်ပြစ်လိုက်တဲ့အထိ စိတ်တွေနာကျင် ပင်ပန်းခဲ့တယ် ။ ညီမရဲ့ဗီဒီယိုတစ်ခုကို ကြည့်ပြီးအစစအရာရာပြန်ရပ်တည်လာနိုင်ခဲ့တယ် ကျေးဇူးပါ အစ်မလိုခံစားရတဲ့သူတွေ ဒီလောကကြီးမှာ ရှိနေမှာမို့ ညီမပေးတဲ့ မက်ဆေ့ချ်တွေ အရမ်းကို အသုံးဝင်ပါတယ် ။ ဒီထက်မက အောင်မြင်ပါစေ ” ဆိုတဲ့ ကွန်မန့်လေးကို သူမရဲ့ ပို့စ်အောက်မှာရေးသားခဲ့တာဖြစ်ပါတယ် ။

ဒီ Comment လေးကို ပန်ကိတ်က သူမရဲ့ မိုင်ဒေးမှာ My Jams ဆိုတဲ့စာသားလေးနဲ့အတူ ပြန်လည်ဖော်ပြထားပြီး အရမ်းကို ပီတိဖြစ်နေခဲ့တာပါ ။ Cele Zone ပရိသတ်ကြီးတွေထဲမှာလည်း လမ်းပျောက်ပြီး မွန်းကြပ်နေတဲ့သူတွေရှိရင် ပန်ကိတ်ရဲ့ ဗီဒီယိုလေးတွေကို ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော် ။

Source : Pan Cake DaDa
Emily (Cele Zone)