ကျွန်မအရမ်းပင်ပန်းနေပြီလို့ ပရိသတ်တွေကိုအသိပေးလာတဲ့ Mary

Posted on

Mary ကတော့ Little Z နဲ့ သီဆိုခဲ့တဲ့ မငိုပါနဲ့တော့ ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်တွေရင်ထဲကိုရောက်ရှိလာသူလေးပါ ။ “ဝဲ” သီချင်း မှာလည်း သူမရဲ့ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့ကြတာဖြစ်ပြီး အခုချိန်ဆက်လက်အားပေး ခဲ့ ကြ တာပဲဖြစ်ပါတယ် ။ အမျိုးသားပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်လည်းဖြစ်ပါတယ်ဆိုတာကိုတော့ ပြောစရာမလို တော့ပါဘူးနော် ။

ကြော်ငြာရိုက်ကူးတာတွေအပြင် Mary ကတော့ သရုပ်ဆောင်အနေနဲ့အနုပညာခြေလှမ်းစတော့မှာလည်းဖြစ်ပါတယ်။ “အဟောင်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ပြီး သရုပ်ဆောင်တော့မှာဖြစ်ပြီး ဒီဇာတ်ကားမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်ဖြိုးသု၊ကျော်ကျော်ဗိုတို့အပြင်မျက်နှာသစ်သရုပ်ဆောင်ဖြစ်တဲ့အောင်ရဲထိုက်တို့လည်းပါဝင်မှာပါ။ လတ်တလောမှာတော့ ကျွန်မပင်ပန်းနေပြီ လို့အမည်ရတဲ့ သီချင်းအသစ်လေးကို ရေးသားနေပြီး မကြာခင်ပရိသတ်တွေရှေ့ကိုချပြတော့မှာဖြစ်ပါတယ် ။

အရမ်းလည်း သည်းခံနေတယ် အရမ်းလည်း ဟန်ဆောင်ရတယ် ကိုယ့်ခံစားချက်တွေကို ဥပေက္ခာပြုရတယ်ဆိုတဲ့ နာကျင်ဝမ်းနည်းစရာ စာသားလေးတွေပါဝင်တဲ့ ဒီသီချင်းအသစ်လေးကို ပရိသတ်တွေလည်း နားဆင်ချင်နေကြပြီထင်ပါတယ် နော် ။ အရမ်းကိုပင်ပန်းပြီး မွန်းကြပ်မှုတွေကြားက ရုန်းထွက်ချင်နေသူတွေအတွက်ကတော့ Mary ရဲ့ ကျွန်မပင်ပန်းနေပြီဆိုတဲ့ သီချင်းလေးကတော့ ထိရှစရာတွေဖြစ်လာဦးမှာအသေချာပါပဲ ။

Source : Mary
Emily (Cele Zone )