{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589261862779","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589261840964","source":"other","origin":"unknown"}

ချစ်စရာကောင်းလွန်းတဲ့ သားသားနဲ့မီးမီးရဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ သင်ဉ္ဇာနွယ်ဝင်း

Posted on

ပရိသတ်ကြီးရေ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဖြူစင်တဲ့အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်ဖြစ်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဉ္ဇာက အခုဆိုရင် ချစ်စရာကောင်းတဲ့ သားငယ်လေးနဲ့ သမီးလေးကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ခင်ပွန်းရဲ့ဂရုစိုက်ကြင်နာမှုတွေနဲ့အတူ မေတ္တာတရားတွေပြည့်နေတဲ့ သူမတို့မိသားစုလေးက အရမ်းကိုကြည်နူးစရာကောင်းတာ တွေ့ရပါတယ်။

သူမကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေ ပြန်လည်ရိုက်ကူးလာသလို သားလေးကလည်း အခုကတည်းက ကြော်ငြာမင်းသားလေးအဖြစ် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သားသားလေးနဲ့မီးမီးလေးရဲ့ ဗီဒီယိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း မကြာခဏ ဆိုသလို သူမရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သားသားနဲ့ မီးမီးရဲ့ အသည်းယားစရာကောင်းလောက်တဲ့ ချစ်စရာ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

တဖြည်းဖြည်းနဲ့ လူတတ်လေးဖြစ်လာတဲ့ Peach လေးကလည်း ချစ်စရာကောင်းတဲ့ပုံစံမျိုးစုံနဲ့ မေမေ့ အသည်းကို အမြဲအရည်ပျော်စေခဲ့တာဖြစ်ပါတယ်။  ကဲ ချစ်ပရိသတ်တွေအတွက် ဖေဖေနဲ့မေမေကိုသာမက ပရိသတ်တွေကို ချစ်မဝဖြစ်စေခဲ့တဲ့ သဉ္ဇာနွယ်ဝင်းသားလေးနဲ့ သမီးလေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

https://m.facebook.com/story.php?story_fbid=1338206346377619&id=100005647982716

Alexus – Cele Zone

Photo – Thinzar Nwe Win

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Thinzar Nwe Win