တောင်ဥက္ကလာဆေးရုံကြီးကို အလှူရှင်တွေကိုယ်စား PPE ဝတ်စုံတွေ သွားလှူပေးခဲ့တဲ့ ယုန်လေး

Posted on

ဆေးရုံတိုင်းမှာလိုအပ်နေတဲ့ ကာကွယ်ရေးဝတ်စုံ (PPE) ကို တောင်ဥက္ကလာဆေးရုံကြီးအတွက် အလှူရှင်တွေကိုယ်စား ယုန်လေးက သွားရောက်လှူတန်းပေးခဲ့ပါတယ်။ ချို့တဲ့နေတဲ့ ဘဝတိုင်းကိုလည်း တတ်နိုင်သလောက်ကူညီဖေးမသလို ပရဟိတအလုပ်တွေကိုလည်း နိုင်သလောက်အားနဲ့ ကူညီနေတာကိုမြင်ရတော့ တကယ်ကိုစိတ်ချမ်းသာမိပါတယ်။

ဝါသနာတူညီငယ်လေးတွေနဲ့အတူဆိုထားတဲ့ ” ဝမ်းစာ ” ဆိုတဲ့သီချင်းဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိခဲ့ပြီး ကြည့်ရှုသူ လေးသန်းကျော်ထိရှိခဲ့ပါတယ်။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်တယ်ဆိုတဲ့စကားအတိုင်း ယုန်လေးရဲ့ စေတနာတွေ ဟာမှန်ကန်ခဲ့လို့ အခုလိုရောင်ပြန်ဟပ်တာပါပဲ။

ကိုယ်စားအလှူလေးကိုလည်း ” တောင်ဥက္ကာလာ ဆေးရုံကို PPE တွေ ကိုယ်စားလှူပေးခဲ့ပါတယ် Bangkok အလုပ်သမားတွေကို ကူညီ နေတဲ့ AAC ဦးခိုင် မှ PPE 30 Alisa Maneenok Boss Koy မှ PPE 30 တို့ကို လှူဒါန်း ပေးခဲ့ပါသည် ” ဆိုပြီး ကြည်နူးစရာအလှူလေးကို အများသာဓုခေါ်ဆို နိုင်အောင် ဝေမျှပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေတာင္ဥကၠလာေဆးရံုၾကီးကို အလွဴရွင္ေတြကိုယ္စား PPE ဝတ္စံုေတြ သြားလွဴေပးခဲ့တဲ့ ယုန္ေလး

ေဆးရံုတိုင္းမွာလိုအပ္ေနတဲ့ ကာကြယ္ေရးဝတ္စံု (PPE) ကို ေတာင္ဥကၠလာေဆးရံုၾကီးအတြက္ အလွဴရွင္ေတြကိုယ္စား ယုန္ေလးက သြားေရာက္လွဴတန္းေပးခဲ့ပါတယ္။ ခ်ိဳ႕တဲ့ေနတဲ့ ဘဝတိုင္းကိုလည္း တတ္ႏိုင္သေလာက္ကူညီေဖးမသလို ပရဟိတ အလုပ္ေတြကိုလည္း နိုင္သေလာက္အားနဲ႔ ကူညီေနတာကိုျမင္ရေတာ့ တကယ္ကိုစိတ္ခ်မ္းသာမိပါတယ္။

ဝါသနာတူညီငယ္ေလးေတြနဲ႕အတူဆိုထားတဲ့ ” ဝမ္းစာ ” ဆိုတဲ့သီခ်င္းဟာ ပရိသတ္ေတြရဲ႕ အားေပးမႈကိုအျပည့္အဝရရွိခဲ့ျ ပီး ၾကည့္ရႈသူေလးသန္းေက်ာ္ထိရွိခဲ့ပါတယ္။ အမ်ားအက်ိဳးေဆာင္ရင္ ကိုယ့္အက်ိဳးေအာင္တယ္ဆိုတဲ့စကားအတိုင္း ယုန္ေလးရဲ႕ ေစတနာေတြဟာမွန္ကန္ခဲ့လို႔ အခုလိုေရာင္ျပန္ဟပ္တာပါပဲ။

ကိုယ္စားအလွဴေလးကိုလည္း ” ေတာင္ဥကၠာလာ ေဆးရံုကို PPE ေတြ ကိုယ္စားလႉေပးခဲ့ပါတယ္ Bangkok အလုပ္သမားေတြ ကို ကူညီေနတဲ့ AAC ဦးခိုင္ မွ PPE 30 Alisa Maneenok Boss Koy မွ PPE 30 တို႔ကို လႉဒါန္း ေပးခဲ့ပါသည္ ” ဆိုျပီး ၾကည္ႏူး စရာအလွဴေလးကို အမ်ားသာဓုေခၚဆို ႏိုင္ေအာင္ ေဝမွ်ေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Yone Lay