ဆယ်ကျော်သက်အရွယ် အနုပညာအလုပ်တွေလုပ်ခါစက ပုံရိပ်လေးကို ဝေမျှလိုက်တဲ့ မိုးယုစံ

Posted on

သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ မိုးယုစံတစ်ယောက် သူမငယ်စဉ်က ပုံရိပ်လေးတစ်ခုကို ဝေမျှခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ လှပမှုနဲ့နုပျိုမှုတွေကို ဒီပုံလေးမှာ အပြည့်မြင်တွေ့ရပါတယ်။ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေလည်း အပြည့်အဝရရှိခဲ့ပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်သွားတော့လည်း ဂရုစိုက်ပြီးချစ်လွန်းတဲ့ခင်ပွန်းနဲ့ လိမ္မာတဲ့သားလေးကို ပိုင်ဆိုင်ထားတာ ကြောင့် စိတ်ချမ်းသာပြီး အလှတွေတောင် ပိုတိုးလာခဲ့ပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားလေးအတိုင်း အရင်ကထက် တောင် ပိုပြီးကြည့်ကောင်းလာတဲ့မေမေမိုးယုရဲ့ ပုံရိပ်လေးတွေက ကြည့်မဝအောင် လှလာခဲ့ပါတယ်။

သူမ ငယ်စဉ်ကပုံရိပ်လေးကို ” Long long ago အဲ့တုန်းက လုပ်ခါစပဲရှိအုံးမယ် ၁၆/၁၇လောက် ပဲရှိမယ် အဲ့ရုပ်လေးကိုအဲ့တုန်းက အရမ်းကြိုက်မိတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်စရာ အကြည့်စူးစူးလေးတွေနဲ့ အဲ့နေ့ရက်တွေကတည်းက ဖမ်းစားနိုင်ခဲ့တာ အခုချိန် ထိပါပဲ။ ဆယ်စုနှစ်တစ်စုစာလောက်ချစ်ခဲ့ရပြီး အခုချိန်ထိလည်း မိုးယုကို ပရိသတ်တွေက ချစ်ခင်အားပေးနေဆဲပါပဲ။

Happy – Cele Zone
Photo – Moe Yu San

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဆယ္ေက်ာ္သက္အ႐ြယ္ အႏုပညာအလုပ္ေတြလုပ္ခါစက ပုံရိပ္ေလးကို ေဝမွ်လိုက္တဲ့ မိုးယုစံ

သာယာေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ေနၿပီျဖစ္တဲ့ မိုးယုစံတစ္ေယာက္ သူမငယ္စဥ္က ပုံရိပ္ေလးတစ္ခုကို ေဝမွ်ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ ငယ္႐ြယ္တဲ့ မိန္းမငယ္ေလးတစ္ေယာက္ရဲ႕ လွပမႈနဲ႔ႏုပ်ိဳမႈေတြကို ဒီပုံေလးမွာ အျပည့္ျမင္ေတြ႕ ရပါတယ္။ ေအာင္ျမင္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္လာခဲ့ၿပီး ပရိသတ္ေတြရဲ႕အားေပးမႈေတြလည္း အျပည့္အဝရရွိခဲ့ပါတယ္။

အိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ေယာက္ျဖစ္သြားေတာ့လည္း ဂ႐ုစိုက္ၿပီးခ်စ္လြန္းတဲ့ခင္ပြန္းနဲ႔ လိမၼာတဲ့သားေလးကို ပိုင္ဆိုင္ထားတာ ေၾကာင့္ စိတ္ခ်မ္းသာၿပီး အလွေတြေတာင္ ပိုတိုးလာခဲ့ပါတယ္။ တစ္သားေမြးတစ္ေသြးလွဆိုတဲ့စကားေလးအတိုင္း အရင္ကထက္ေတာင္ ပိုၿပီးၾကည့္ေကာင္းလာတဲ့ေမေမမိုးယုရဲ႕ ပုံရိပ္ေလးေတြက ၾကည့္မဝေအာင္ လွလာခဲ့ပါတယ္။

သူမ ငယ္စဥ္ကပုံရိပ္ေလးကို ” Long long ago အဲ့တုန္းက လုပ္ခါစပဲရွိအုံးမယ္ ၁၆/၁၇ေလာက္ ပဲရွိမယ္ အဲ့႐ုပ္ေလးကိုအဲ့တုန္းက အရမ္းႀကိဳက္မိတယ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ခ်စ္စရာ အၾကည့္စူးစူးေလးေတြနဲ႔ အဲ့ေန႔ရက္ေတြကတည္းက ဖမ္းစားႏိုင္ခဲ့တာ အခုခ်ိန္ထိပါပဲ။ ဆယ္စုႏွစ္တစ္စုစာေလာက္ခ်စ္ခဲ့ရျပီး အခုခ်ိန္ထိလည္း မိုးယုကို ပရိသတ္ေတြက ခ်စ္ခင္အားေပးေနဆဲပါပဲ။

Happy – Cele Zone
Photo – Moe Yu San