ချစ်ရတဲ့မိခင်နဲ့အတူရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

Posted on

ပြီးခဲ့တဲ့ အမေများနေ့က ဝိုင်းစုတစ်ယောက် သူမရဲ့မိခင်နဲ့အတူရိုက်ကူးထားတဲ့အမှတ်တရ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။ ချစ်စရာ ကောင်းတဲ့ သားမိနှစ်ယောက်က မတည့်အတူနေ မမြင်ရင်ခိုးကြည့်ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ သားသမီးနဲ့ မိဘဆိုတော့လည်း မတည့်လဲ ခဏပဲပေါ့နော်။ ဆက်သွယ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်လိုအရာနဲ့မှ ခွဲလို့မရအောင် ခိုင်မြဲလွန်းတာတော့ သေချာပါ တယ်။

 

ကိုယ့်သမီးလေးအောင်မြင်နေတာကိုမြင်တော့လည်း ဝိုင်းစုရဲ့မိခင်က ပီတိတွေဖြာပြီး ဆုပေးပွဲမှာ သမီးလေးနဲ့အတူ ပြုံးရွှင်နေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သားမိတွေက ခရီးတွေလည်း အတူတူသွားကြပြီး ပျော်စရာအချိန်လေးတွေကို တော်တော်များများ အတူတူ ကုန်ဆုံး တတ်ကြပါတယ်။

 

မိခင်နဲ့အတူရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ” Happy mother’s day ရန်ဖြစ်လိုက် ပြန်ချစ်လိုက် မတည့်အတူနေ မမြင်ရင်ခိုးကြည့်တဲ့ သားအမိလေးပါရှင့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဝိုင်းစုရဲ့ အချောအလှတွေက မိခင်ဆီက အမွေရထားတယ်ဆိုတာ ဒီပုံလေးတွေကြည့်ပြီး တော့ အသေအချာသိလိုက်ရပါပြီ။

 

Happy – Cele Zone
Photo – Wine Su

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Wine Su