လေးယောက်အတူတူ ဘုန်းကြီးကျောင်းမှာ ပုတီးစိပ်ကုသိုလ်ယူခဲ့ကြတဲ့ စမိုင်းလ်တို့မိသားစု

Posted on

ပျော်စရာကောင်းတဲ့မိသားစုဘဝလေးမှာ အရမ်းကိုစိတ်ချမ်းသာနေတဲ့ စမိုင်းလ်တစ်ယောက် ဒီနေ့မှာလည်း မိသားစု လေးယောက်လုံးတူတူ ဝတ်ဖြူစင်ကြယ်လေးနဲ့ ဘုန်းကြီးကျောင်းမှာ ပုတီးစိပ် ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမြဲတမ်း အလှူရေစက်လက်နဲ့မကွာတဲ့ မိသားစုလေးဟာ ဘုရားတရား လည်းကိုင်းရှိုင်းပြီး အေးချမ်းကြသူတွေပါပဲ။

ချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပြီး ချစ်စရာသမီးလေးနှစ်ယောက်ကလည်း အရမ်းကို လိမ္မာတော့ မေမေစမိုင်းလ်ကတော့ ဘဝရဲ့သုခကို အကောင်းမွန်ဆုံးရရှိနေတဲ့ ကံအကောင်းဆုံး အမျိုးသမီးပေါ့နော်။ အိမ်ထောင်သက် နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ကျော်လာသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် အချစ်မပြယ်သေးပဲ ချစ်စ ခင်စ ကြင်နာစ က လိုပဲ နွေးထွေးနေဆဲ အပြုအမူတွေဟာ တကယ့်ကိုအားကျစရာပါ။

သူမတို့မိသားစုရဲ့ကောင်းမှုပြုနေတဲ့ပုံရိပ်လေးတွေကို ” ကြာသာပတေးနေ့ ဘုန်းကြီးကျောင်းသွားပုတီးစိတ် ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ လေးယောက်သား ဝတ်ဖြူစင်ကြယ်နဲ့ အရမ်းကိုကျက်သရေရှိလွန်းနေပါတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းပြီး အလှူအတန်းဆိုလည်း လက်မနှေးတတ်တဲ့ ချစ်ဖို့ကောင်းတဲ့မိသားစုလေး ဒီထက်အများကြီး လှူနိုင်ပြီး ကုသိုလ်ရေးတွေလည်း ဒီထက်ပိုပြီးလုပ်နိုင်ပါစေနော်။

Photo – စမိုင်းလ် Smile
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – စမိုင်းလ် Smile
Happy – Cele Zone