ချစ်သူနဲ့ ပထမဆုံးရိုက်ထားတဲ့ Tik Tok ဗီဒီယိုလေးကို ဝေမျှလိုက်တဲ့ ဘေဘီမောင်

Posted on

ဘေဘီတို့ညီမနှစ်ယောက်ကတော့ အိမ်မှာနေရင်းပျော်ပျော်ရွှင်ရွှင် Tik Tok တွေ ကစားပြီး လူမှုကွန်ရက်ပေါ်ကိုလည်း မကြာခဏ ဆိုသလို ဝေမျှခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဘေဘီက သားဂန်းနဲ့အတူရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို ထပ်ဝေမျှလိုက်ပြန် ပါပြီ။ Tik Tok ရိုက်တာ ဝါသနာမပါတဲ့သူမို့ ဘယ်လိုမှခေါ်မရပေမယ့် ဘေဘီက ပူဆာလွန်းလို့ လက်လေး တစ်ဖက်တော့ ပါပေးခဲ့ ပါသေးတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်တွဲလာတာလည်း (၂) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အချစ်တွေက လတ်ဆတ် နေဆဲပါပဲ။ ဘေဘီက အကြီးဖြစ်ပေမယ့် ကလေးလေးတစ်ယောက်လို အမြဲချွဲနွဲ့ပြီး ဆိုးတတ်တာကြောင့် သားဂန်းကပဲ အလိုလိုက်ပြီး ချစ်ပေးခဲ့တာများပါတယ်။

သူမတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ” လက်မောင်းလေးခဏဌားထားတာ အကိုကအချေပါ တော် Tiktok ဆော့တာမကြိုက်ဘူးတဲ့ ” ဆိုပြီး တင်ပေးခဲ့ပါတယ်။ ဘယ်လိုပဲ မကြိုက်ဖြစ်နေပါစေ ကိုယ့်ချစ်သူလေးရဲ့ စိတ်ချမ်းသာမှုကို ဦးစားပေးတတ်တဲ့ သားဂန်းလို ချစ်သူလေးကိုပိုင်ဆိုင်ထားတာ ဘေဘီကတော့ ကံကောင်းတာပါပဲ။

Happy – Cele Zone
Photo – Baby Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Baby Maung