Happy Mother’s Day မှာမေ့မေ့အတွက်ကိတ်လေး နဲ့ဂုဏ်ပြုခဲ့တဲ့ စံထိပ်ထားဦး

Posted on

ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီ အနုပညာရှင်တွေ ရဲ့မိသားစုတွေထဲမှာ အကယ်ဒမီခိုင်သင်းကြည် တို့မိသားစုလေး လည်း အပါဝင်ပါပဲနော် ။ မိသားစု စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြပြီး မခိုင်လေးကတော့ သမီးလေး စံထိပ်ထားဦးကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်ဖြစ်သလို ထိပ်ထိပ်လေးကလည်း မေမေ့ကို အရမ်းချစ်တဲ့ သမီးအလိမ္မာ လေးတစ်ယောက်ပါ ။

မနေ့က မေလ (၁၀) ရက်နေ့မှာ မိခင်ဖြစ်သူ မခိုင်လေးအတွက် အမေများနေ့ဆုတောင်းစာလေးနဲ့အတူ မေမေ့ကို ဘယ်လောက် ချစ်ကြောင်းရေးသားခဲ့တဲ့ ထိပ်ထိပ်လေးက မေမေ့အတွက် ကိတ်တွေမှာပြီး အမေများနေ့ကို ဆင်နွှဲခဲ့ပါသေးတယ် ။ ” Happy Mother’s Day အမေများနေ့မှာ ထိပ်လေးက မေမေ့အတွက်တဲ့ ကိတ်တွေအအေးတွေ မှာပေးတယ် Mother’s Day dinner လေးကိုတော့ ရှိတာလေးတွေနဲ့ဘဲ ဟော့ပေါ့လုပ်စားလိုက်ကြတယ် ” ဆိုတဲ့စာသားလေးနဲ့ မခိုင်လေးက သူမတို့သားအမိ နှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ညီအစ်မတွေလို့တောင်ထင်ရလောက်အောင် နုပျိုနေတဲ့ မခိုင်လေးနဲ့ ငယ်ဂုဏ်လေးနဲ့လှနေတဲ့ထိပ်ထိပ်တို့သားအမိ နှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံလေးတွေကို ပရိသတ်တွေက အရမ်းကိုချစ်နေကြတာပါ ။ Cele Zone ပရိသတ်ကြီးအတွက်လည်း မခိုင်လေးနဲ့ ထိပ်ထိပ်တို့ရဲ့ အမှတ်တရနေ့လေးကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

Source : Khine Thin Kyi
Emily (Cele Zone)