အားကိုးတကြီးဆုတ်ကိုင်လိုက်တဲ့ လက်တိုင်းက ပြန်ပုတ်ချသွားကြတဲ့အကြောင်းပြောလာတဲ့ မေပန်းချီ

Posted on

သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ် ကောက် ကြောင်း အလှတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ်ဖွံဖွံထွားထွားလေးနဲ့ ချစ်စရာအရမ်း ကောင်းတာကြောင့် အကိတ်လေးလို့ ပရိသတ်တွေကြား ရေပန်း စားနေသူလေးပဲဖြစ်ပါတယ် ။

သူမဟာ တခြားအနုပညာရှင်တွေနဲ့မတူဘဲ အမြဲပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို သိပ်ဂရုမစိုက်တတ်တဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ မေပန်းချီက အားကိုးတကြီးကိုင်ဆွဲမိလိုက်တဲ့ လက်တိုင်းက ပြန်ပုတ်ချသွားတယ် စိတ်ဓာတ်တွေသိခွင့်ရလို့ ကျေနပ်မိဆိုတဲ့ စာသားလေးကို သူမရဲ့ မိုင်ဒေးမှာရေးသားဖော်ပြ ထားတာတွေ့ရပါတယ် ။

မေပန်းချီကတော့ သူမရဲ့ ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အမြဲရေးသားဖော်ပြတတ်တဲ့သူဖြစ်ပြီး ဒီတစ်ခါမှာလည်း သူမရဲ့ခံစားချက်အချို့ကို မိုင်ဒေးမှာ ရေးသားဖွင့်ဟလာခဲ့တာပါ ။ မေပန်းချီတစ်ယောက် စိတ်အနှောက် ယှက်တွေကင်းပြီး အမြန်ဆုံးအဆင်ပြေဖို့ Cele Zone ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : May Panche
Emily (Cele Zone)