ချစ်ခင်သူတွေကို ဖုန်းဆက်ပြီးစနောက်ခဲ့တဲ့ သဇင်ထူးမြင့်ရဲ့ OPPO challenge

Posted on

နာမည်ကျော် ဟာသ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ဖခင်ရဲ့ ခြေရာကို နင်းပြီး အနုပညာအလုပ်တွေလုပ်ဆောင်နေပြီဖြစ်သလို ပရိသတ်တွေကလည်း သူမကိုအရမ်းချစ်ကြပါတယ် ။ အကယ်ဒမီ ရွှေကြို အဖြစ် အနုပညာခြေလှမ်းအစပြုခဲ့တဲ့ သူမကတော့ အခုဆိုရင် ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပြီဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးက ဦးခင်လှိုင်ကို ယောက္ခမလို့ဝိုင်းခေါ်ကြတဲ့အထိ ပရိသတ်အချစ်တွေကို ရရှိထားပြီး ပုရိသ ပရိသတ် တွေကြွေသွားလောက်တဲ့ချစ်စဖွယ်ကောင်မလေးလို့ပြောရင်လည်း မှားမယ်မထင်ပါဘူးနော် ။

လတ်တလောမှာတော့ သဲတစ်ယောက် သူမ မောင်နှမတွေလိုချစ်ရခင်ရတဲ့ သူတွေဆီကို ဖုန်းဆက်ပြီး စနောက်ခဲ့တဲ့ Challenge လေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။ ဒီchallenge မှာပါဝင်မယ့် Hearties တွေက ဘယ်လိုမျိုးတွေ လုပ်ရမယ်ဆိုတာ video ထဲမှာ သဲကပြည့်ပြည့်စုံစုံပြောပေးထားပြီး အဓိက အရေးကြီးတာက postတင်တဲ့အခါ #24HoursCityMorningSession #ThazinHtooMyintxOPPOchallenge ဆိုတဲ့ hashtag လေးတွေနဲ့ publicတင်ရမှာဖြစ်ကြောင်း ပရိသတ်တွေကို ရှင်းပြထား ပါသေးတယ် ။

အဲ့ထဲကမှ သဲအကြိုက်ဆုံး ငါးယောက်ကို ရွေးပြီး မေလ(၁၆) ရက်နေ့မှာ လက်ဆောင်တွေပေးသွားမှာဖြစ်ပြီး Hearties လေးတွေထဲကဘယ်သူရမလဲဆိုတာ သဲကတော့ရင်ခုန်နေပါပြီတဲ့ ပရိသတ်ကြီးရေ ..။ သဲရဲ့ Hearties တွေရော သဲနဲ့အတူ ဒီ Oppo Challenge လေးမှာ ပါဝင်ကြမှာလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Thazin Htoo Myint
Emily (Cele Zone )