ဘဝမှာ ရူးခါနေအောင်ချစ်တဲ့ သူတစ်ယောက်မှမရှိဘူးဆိုတဲ့ ခြူးလေး

Posted on

MRTV-4 ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေရင်ထဲကိုရောက်ရှိလာသူလေးကတော့ ခြူးလေးပါ ။ ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာဖြစ်တဲ့ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာကနေ ပရိသတ်လက်ခံအားပေးလာခဲ့တာ အခုဆိုရင် ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးပြီး ပရိသတ်တွေအားပေးမှုကို အပြည့်ဝရရှိနေတဲ့မင်းသမီးလေး ဖြစ်နေပါပြီ ။

လတ်တလောမှာတော့ စင်ဂယ်ဘဝနဲ့အနုပညာအလုပ်တွေကြိုးစားလုပ်ဆောင်နေတဲ့ ခြူးလေးကတော့ မကြာသေးမီကာလတွေက ချစ်သူနဲ့လမ်းခွဲပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ထိ ထိကြိုးစားခဲ့လို့ ပရိသတ်တွေကြားမှာ အတော်လေး ဂယက်ရိုက်ခဲ့ပါသေးတယ် ။ အခုတော့ အရာအားလုံးကိုမေ့ပြီး ဘဝသစ်ပြန်စကာ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ပါတယ် ။

အခုတလော သူမရေးသားနေတဲ့ မိုင်ဒေးက စာတွေကြောင့် ပရိသတ်တွေက အချစ်သစ်တွေ့နေပြီလားလို့ မေးခွန်းထုတ်နေကြပေမယ့် ဒီနေ့မှာတော့ ခြူးလေးက ဘဝမှာ ရူးခါနေအာင်ချစ်တဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးမှာ ထပ်မံရေးသားခဲ့ပါတယ် ။ ခြူးလေးရဲ့အချစ်ရေးကတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Chue Lay
Emily ( Cele Zone )