{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589184341476","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589184332790","source":"other","origin":"unknown"}

အမေများနေ့မှာ အမေများအဖွဲ့တွက် ငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ပြေတီဦး

Posted on

ပရိသတ်ကြီးရေ အကယ်ဒမီဆုများစွာကို သိမ်းပိုက်ရရှိထားတဲ့ မင်းသားချော ပြေတီဦးက အနုပညာလောကမှာ ထိပ်တန်းမင်းသားတစ်လက်အဖြစ် အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးနေရတဲ့ ပြေတီဦးက ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြေတီဦးက ပရိသတ်အားပေးမှုတွေရရှိပြီး နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတာ ဖြစ်ပါတယ်။

ပြေတီဦးက အခုချိန်အထိ ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပြေတီဦးက အကယ်ဒမီသုံးဆုတိတိ ဆွတ်ခူးရရှိထားတာလည်းဖြစ်ပါတယ် ။ဒါ့ပြင်ပြေတီဦးကတော့ ချစ်ရတဲ့ မိသားစုလေးနဲ့လည်း သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဦးတီကတော့ အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်သလို ပရဟိတတွေလည်း ကိုယ်တိုင်လုပ်ကိုင်လေ့ရှိသူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အမေများနေ့မှာ အမေများအဖွဲ့ကို ငွေကျပ် ဆယ်သိန်းလှူဒါန်းခဲ့တဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Pyay Ti Oo

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Pyay Ti Oo