{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589173448505","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589173381005","source":"other","origin":"unknown"}

အမေများနေ့မှာ ရုပ်ရှင်ထဲကအမေများကို တစ်ဦးကိုငွေကျပ်ငါးသောင်းနဲ့ အစားသောက်များလှူဒါန်းခဲ့တဲ့ လွင်မိုး

Posted on

ပရိသတ်ကြီးရေ ပြည်သူချစ်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ ငယ်ရွယ်စဉ်အခါကတည်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ခဲ့ပြီး အခုချိန်မှာလည်း အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ လွင်မိုးက အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။ 

အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိနေမြဲဖြစ်ပါတယ်။ လွင်မိုးက မိသားစုကိုလည်း အချိန်အပြည့်ပေးပြီး မြေးချောလေး Liamလေးနဲ့လည်း အတူတူဆော့ကစားပေးနေကျဖြစ်ပါတယ်။လွင်မိုးတို့ မိသားစုလေးကတော့ အိမ်ရဲ့ဆည်းလည်းလေးတစ်လုံးရလိုက်လို့ အမြဲပျော်ရွှင်နေရပြီး သာယာစိုပြေနေတာလည်းဖြစ်ပါတယ်။

လွင်မိုးကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်အကောင့်မှာ အမြဲဆိုသလို ဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အမေများနေ့လေးမှာ ရုပ်ရှင်ထဲက အမေများကို တစ်ဦးကို ငွေကျပ် ငါးသောင်းစီနဲ့ အစားသောက်များ လှူဒါန်းခဲ့ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးရဲ့ အလှူပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

Alexus – Cele Zone

Photo – Lwin Moe

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမမ်ားေန႔မွာ ႐ုပ္ရွင္ထဲကအေမမ်ားကို တစ္ဦးကိုေငြက်ပ္ငါးေသာင္းနဲ႔ အစားေသာက္မ်ားလႉဒါန္းခဲ့တဲ့ လြင္မိုး

ပရိသတ္ႀကီးေရ ျပည္သူခ်စ္သ႐ုပ္ေဆာင္ မင္းသားႀကီးလြင္မိုးကေတာ့ ငယ္႐ြယ္စဥ္အခါကတည္းက ေခ်ာေမာခန႔္ညားတဲ့ဥပဓိ႐ုပ္မ်ိဳးကို ပိုင္ဆိုင္ခဲ့ၿပီး အခုခ်ိန္မွာလည္း အ႐ြယ္တင္ႏုပ်ိဳေနဆဲ ျဖစ္ပါတယ္ ။ လက္ရွိအခ်ိန္မွာ လြင္မိုးက အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး မိသားစုေလးနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာ ျဖစ္ပါတယ္ ။ 

အႏုပညာအလုပ္ေတြ နည္းပါးသြားေပမယ့္လည္း ခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ အခ်စ္ကို အခိုင္မာရရွိေနၿမဲျဖစ္ပါတယ္။ လြင္မိုးက မိသားစုကိုလည္း အခ်ိန္အျပည့္ေပးၿပီး ေျမးေခ်ာေလး Liamေလးနဲ႔လည္း အတူတူေဆာ့ကစားေပးေနက်ျဖစ္ပါတယ္။လြင္မိုးတို႔ မိသားစုေလးကေတာ့ အိမ္ရဲ႕ဆည္းလည္းေလးတစ္လုံးရလိုက္လို႔ အၿမဲေပ်ာ္႐ႊင္ေနရၿပီး သာယာစိုေျပေနတာလည္းျဖစ္ပါတယ္။

လြင္မိုးကေတာ့ သူရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကို ေဖ့ဘြတ္အေကာင့္မွာ အၿမဲဆိုသလို ေဖာ္ျပေလ့ရွိတာလည္းျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အေမမ်ားေန႔ေလးမွာ ႐ုပ္ရွင္ထဲက အေမမ်ားကို တစ္ဦးကို ေငြက်ပ္ ငါးေသာင္းစီနဲ႔ အစားေသာက္မ်ား လႉဒါန္းခဲ့ပုံေလးေတြကိုေဖာ္ျပထားတာေတြ႕ရပါတယ္။ ပရိသတ္ႀကီးလည္း လြင္မိုးရဲ႕ အလႉပုံရိပ္ေလးေတြကို ၾကည့္ရႈႏိုင္ေစရန္ မွ်ေဝေပးလိုက္ပါတယ္။ 

Alexus – Cele Zone

Photo – Lwin Moe