ကြည့်ရှုသူ နှစ်သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ ရွှေထူးရဲ့ ” မမဆယ်လီ သားတစ်လီ ” သီချင်းအသစ်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ရွှေထူးရဲ့သီချင်းအသစ်ဟာ ကြည့်ရှုသူတွေ များပြား လာခဲ့ပြီး အခုဆိုရင်တော့ နှစ်သန်းကျော် သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ ရွှေထူးရဲ့ အရင်ကမြင်နေကျပုံစံတွေလိုမဟုတ်ဘဲ တစ်မျိုးလေးဆန်းသစ်ထားတာဖြစ်ပါတယ်။ ဒီလို ဖန်တီးထားတဲ့ပုံစံအသစ်ကို သဘောကျတဲ့ပရိသတ်တွေရှိသလို အကြိုက်မတွေ့တဲ့ ပရိသတ်တွေလည်းရှိခဲ့ပါတယ်။

ဒီလိုတွေရှိတာကြောင့် ရွှေထူးကလည်း ” ၃ မိနစ်စာလောက် ကြည့်ရှုသူများရဲ့စိတ်ကို အပျင်းပြေတယ်ဆို ကျွန်တော်ကျေနပ်ပါပြီခင်ဗျာ ၃ မိနစ်စာ စိတ်အနှောက်အယှက် ုဖြစ်ရတာ မျိုးရှိရင်လည်း တောင်းပန်ပါတာ်ခင်ဗျာ ကျွန်တော်ကြိုးစားပါဦးမယ်ခင်ဗျာ အရင်ရွှေထူး လည်း ရှိပါတယ်ခင်ဗျာ… အခုရွှေထူးကိုလည်း ခွင့်လွှတ်ပေးလိုက်ကြပါဗျာ ” ” Just Entertainment အနေနဲ့ပဲခံစားပေးကြပါခင်ဗျာ ကျွန်တော်တို့လဲပေါ့ပေါ့ပါးပါးပဲ ဖန်တီးထားလို့အားလုံးလဲ ပေါ့ပေါ့ပါးပါးပဲ ခံစားပေးကြပါနော် ” ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးမို့ အကြိုက်တွေ့သူက ပိုများပါတယ်။ အရင်ကနဲ့မတူတဲ့ ပုံစံတစ်ခုနဲ့ ဖန်တီးလိုက်တာမို့ မြင်နေကျပုံစံနဲ့ ကွဲထွက်သွား ပေမယ့် မတူတဲ့ ရသအသစ်ကို ခံစားရတာမို့ သီချင်းကောင်းလေးတစ်ပုဒ်ဆို တာတော့ အသေအချာပါပဲ ပရိသတ်ကြီးရေ။

Happy – Cele Zone
Photo – Shwe Htoo

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကည့္ရႈသူ ႏွစ္သန္းေက်ာ္သြားခဲ့ၿပီျဖစ္တဲ့ ေ႐ႊထူးရဲ႕ ” မမဆယ္လီ သားတစ္လီ ” သီခ်င္းအသစ္

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ထြက္ရွိခဲ့တဲ့ေ႐ႊထူးရဲ႕သီခ်င္းအသစ္ဟာ ၾကည့္ရႈသူေတြ မ်ားျပား လာခဲ့ၿပီး အခုဆိုရင္ေတာ့ ႏွစ္သန္းေက်ာ္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒီသီခ်င္းဟာ ေ႐ႊထူးရဲ႕ အရင္ကျမင္ေနက်ပုံစံေတြလိုမဟုတ္ဘဲ တစ္မ်ိဳးေလးဆန္းသစ္ထား တာျဖစ္ပါတယ္။ ဒီလို ဖန္တီးထားတဲ့ပုံစံအသစ္ကို သေဘာက်တဲ့ပရိသတ္ေတြရွိသလို အႀကိဳက္မေတြ႕တဲ့ ပရိသတ္ေတြလည္းရွိခဲ့ပါတယ္။

ဒီလိုေတြရွိတာေၾကာင့္ ေ႐ႊထူးကလည္း ” ၃ မိနစ္စာေလာက္ ၾကည့္ရႈသူမ်ားရဲ႕စိတ္ကို အပ်င္းေျပတယ္ဆို ကြၽန္ ေတာ္ေက်နပ္ပါၿပီခင္ဗ်ာ ၃ မိနစ္စာ စိတ္အေႏွာက္အယွက္ ုျဖစ္ရတာ မ်ိဳးရွိရင္လည္း ေတာင္းပန္ပါတာ္ခင္ဗ်ာ ကြၽန္ေတာ္ႀကိဳးစားပါဦး မယ္ခင္ဗ်ာ အရင္ေ႐ႊထူးလည္း ရွိပါတယ္ခင္ဗ်ာ… အခုေ႐ႊထူးကိုလည္း ခြင့္လႊတ္ေပးလိုက္ၾကပါဗ်ာ ” ” Just Entertainment အေန နဲ႔ပဲခံစားေပးၾကပါခင္ဗ်ာ ကြၽန္ေတာ္တို႔လဲေပါ့ေပါ့ပါးပါးပဲ ဖန္တီးထားလို႔အားလုံးလဲ ေပါ့ေပါ့ပါးပါးပဲ ခံစားေပးၾကပါ ေနာ္ ” ဆိုၿပီး ေျဖရွင္းခ်က္ေပးခဲ့ ပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ျမဴးျမဴးေလးနဲ႔ နားေထာင္လို႔ေကာင္းတဲ့ သီခ်င္းေလးမို႔ အႀကိဳက္ေတြ႕သူက ပိုမ်ားပါတယ္။ အရင္ကနဲ႔မတူတဲ့ ပုံစံတစ္ခုနဲ႔ ဖန္တီးလိုက္တာမို႔ ျမင္ေနက်ပုံစံနဲ႔ ကြဲထြက္သြား ေပမယ့္ မတူတဲ့ ရသအသစ္ကို ခံစားရတာမို႔ သီခ်င္းေကာင္းေလးတစ္ပုဒ္ဆိုတာေတာ့ အေသအခ်ာပါပဲ ပရိသတ္ႀကီးေရ။

Happy – Cele Zone
Photo – Shwe Htoo