ဆုံးပါးသွားတာ (၄) နှစ်ရှိပြီဖြစ်တဲ့ မိခင်ကို သတိရတိုင်း ငိုနေတုန်းပဲဆိုတဲ့ စမိုင်းလ်

Posted on

ကိုယ်တိုင်လည်းမိခင်ကောင်းပီသသလို မိခင်ကောင်းနဲ့လည်းကြုံတွေ့ခဲ့ရတဲ့ စမိုင်းလ်တစ်ယောက် ဆုံးပါးသွားတဲ့ သူမရဲ့မိခင်အတွက် စိတ်မကောင်းဖြစ်နေဆဲပါပဲ။ အမေဆိုတာ သားသမီးတွေနဲ့ အရင်းနှီးဆုံးဖြစ်ပြီး သားသမီးတွေရဲ့ အဆိုးအကောင်းကို သားသမီးထက် တောင် ပိုပြီးသိတဲ့သူမျိုးပါ။ သမီးကောင်းလေးအဖြစ် ပျိုးထောင်နိုင်ခဲ့တဲ့ စမိုင်းလ်ရဲ့မိခင်ကတော့ သမီးလေးအတွက် ဂုဏ်ယူနေမှာပါ။

မနေ့က အမေများနေ့မှာ မိခင်ကြီးရှိစဉ်က အမှတ်တရပုံရိပ်လေးတွေနဲ့ မိခင်ကိုချစ်တဲ့ အကြောင်း ရေးသားခဲ့ပါသေးတယ်။ သူများတွေ အမေနဲ့ပျော်နေတာမြင်တိုင်း အခုချိန်ထိ ငိုမိနေတုန်းဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ မိခင်ကောင်းအဖြစ်နဲ့ ရှင်သန်ခဲ့ ပြီး အခုလက်ရှိမှာ လည်း သားသမီးတွေပြုပေးတဲ့ကုသိုလ်တွေကြောင့် ကောင်းရာဘုံဘဝမှာရောက်နေမှာ သေချာပါတယ်။

မိခင်နဲ့ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ” မေကြီးရေမရှိတော့တာအခုဆို ၄နှစ်ပြည့်တော့မယ်။ အခုအချိန်ထိသမီး သူများတွေအမေနဲ့ ပျော်နေတာမြင်ရင်ငိုရတုန်းပဲ။ သမီးတို့လှူတန်းနေတာ တွေမြင်ရင် ဘယ်လောက်စိတ်ချမ်းသာ လိုက်မလဲ။ သမီးတို့ဘုရားတရားတွေ လုပ်နေတာ မြင်ရင်ဘယ်လောက်ကျေနပ်လိုက်မလဲ။ သူများအပေါ်စိတ်ထားကောင်းဖို့နဲ့ ဘယ်တော့မှ ဘဝင်မမြင့်ဖို့အမြဲသင်ကြားပေး တဲ့အမေ။ အပျိုကြီးမကြီးကိုအမြဲစိတ်ပူတတ်တဲ့အမေ မကြီးက သမီးတို့ကိုပြန်စောင့်ရှောက်နေတာပါ။ သမီးတို့ပြုသမျှကုသိုလ်တွေ အကုန်လုံး အမေရောက်ရာ ဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ။ ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Smile