အမေများနေ့မှာပဲ ရောဂါတွေသက်သာလို့ ဆေးရုံကဆင်းနိုင်ခဲ့ပြီး မိသားစုတွေနဲ့ပျော်ရွှင်နေတဲ့ မီးမီးခဲ

Posted on

ကင်ဆာရောဂါရဲ့ဆိုးဝါးမှုတွေကိုရင်ဆိုင်နေရတဲ့ မီးမီးခဲတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ကင်ဆာဆေးတွေရဲ့ဒဏ်တွေကြောင့် ညာဖက်ခြေထောက် အခြေအနေမကောင်း တော့တာကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ ပြန်လည် သက်သာလာခဲ့ပြီး အခုတေ့ာ ဆေးရုံကဆင်းခွင့်ရခဲ့ပါပြီ။

ဆေးရုံမှာရှိစဉ်တုန်းက သားလေးရဲ့မွေးနေ့ပွဲကို ကိုယ်တိုင်မလုပ်ပေးနိုင်ဘဲ ဆုတောင်းစကားလေးနဲ့ မွေးနေ့ကိတ်လေးပဲ ပို့ပေးနိုင်ခဲ့ တာကြောင့် အမေများနေ့မှာ ဆေးရုံကဆင်းတဲ့အထိမ်းအမှတ်အနေနဲ့ သားလေးရဲ့မွေးနေ့ပွဲကိုလည်း တစ်ကျော့ပြန် ပြန်လုပ်ပေးပြီး မိသားစုတွေအတူတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြပါတယ်။

 

ပျော်စရာ အချိန်လေးတွေကို ” Mother’s Day မှာ ကျွန်မကိုမြတ်နိုးတဲ့မိသားစုနဲ့အတူ ငြိမ်းချမ်း စွာဖြတ်သန်းခဲ့ရပါပြီ အမျိုးသားရဲ့ မိဘ များက နိုင်ငံခြားမှာနေလာခဲ့ကြတာနှစ် ၃၀ ကျော်ကြာခဲ့ ကြပေမဲ့ ဂုဏ်ပကာဏ မာန လောဘ မောဟ မရှိတဲ့ ကြတဲ့သူတွေပါ အဓိပ္ပါယ် ရှိတဲ့လူတွေကြား ထဲ နေရင်းနဲ့ ကျွန်မကိုယ်တိုင်လဲ နှစ်ခြိုက်စွာအသက်ရှင်ခြင်း နဲ့ ငြိမ်သက်ခြင်းကို နေ့ရက်တိုင်း ခံစားရတာ ဘုရားကို နံပါတ် ၁ ထားတဲ့မိသားစုအတွက်ကြောင့် ဖြူစင်စွာပြုံးကျော်နိုင်ခဲ့ရတာ ပေါ့ သားအတွက် မွေးနေ အတူမရှိခဲ့ရတော့ ကိတ်လေးပြန်ဝယ် ပေး ကျွန်မဆေးရုံကပြန်ဆင်း လာတဲ့ ကျေးဇူးတော်ချီးမွမ်း မိသားစု ဆုတောင်း Birthday သီချင်းဆိုကြ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Mee Mee Khel

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမမ်ားေန႔မွာပဲ ေရာဂါေတြသက္သာလို႔ ေဆး႐ုံကဆင္းႏိုင္ခဲ့ၿပီး မိသားစုေတြနဲ႔ေပ်ာ္႐ႊင္ေနတဲ့ မီးမီးခဲ

ကင္ဆာေရာဂါရဲ႕ဆိုးဝါးမႈေတြကိုရင္ဆိုင္ေနရတဲ့ မီးမီးခဲတစ္ေယာက္ ၿပီးခဲ့တဲ့ရက္ပိုင္း ေလာက္က ကင္ဆာေဆးေတြရဲ႕ ဒဏ္ေတြေၾကာင့္ ညာဖက္ေျခေထာက္ အေျခအေနမေကာင္း ေတာ့တာေၾကာင့္ အေရးေပၚေဆး႐ုံတက္ခဲ့ရပါေသး တယ္။ ဒီေနာက္ပိုင္းမွာေတာ့ ျပန္လည္ သက္သာလာခဲ့ၿပီး အခုေတ့ာ ေဆး႐ုံကဆင္းခြင့္ရခဲ့ပါၿပီ။

ေဆး႐ုံမွာရွိစဥ္တုန္းက သားေလးရဲ႕ေမြးေန႔ပြဲကို ကိုယ္တိုင္မလုပ္ေပးႏိုင္ဘဲ ဆုေတာင္းစကားေလးနဲ႔ ေမြးေန႔ကိတ္ေလး ပဲ ပို႔ေပးႏိုင္ခဲ့တာေၾကာင့္ အေမမ်ားေန႔မွာ ေဆး႐ုံကဆင္းတဲ့အထိမ္းအမွတ္အေနနဲ႔ သားေလးရဲ႕ေမြးေန႔ပြဲကိုလည္း တစ္ေက်ာ့ျပန္ ျပန္လုပ္ေပးၿပီး မိသားစုေတြအတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်င္းပခဲ့ၾကပါတယ္။

ေပ်ာ္စရာ အခ်ိန္ေလးေတြကို ” Mother’s Day မွာ ကြၽန္မကိုျမတ္ႏိုးတဲ့မိသားစုနဲ႔အတူ ၿငိမ္းခ်မ္း စြာျဖတ္သန္းခဲ့ရပါၿပီ အမ်ိဳးသားရဲ႕မိဘမ်ားက ႏိုင္ငံျခားမွာေနလာခဲ့ၾကတာႏွစ္ ၃၀ ေက်ာ္ၾကာခဲ့ ၾကေပမဲ့ ဂုဏ္ပကာဏ မာန ေလာဘ ေမာဟ မရွိတဲ့ ၾကတဲ့သူေတြပါ အဓိပၸါယ္ရွိတဲ့လူေတြၾကား ထဲ ေနရင္းနဲ႔ ကြၽန္မကိုယ္တိုင္လဲ ႏွစ္ၿခိဳက္စြာအသက္ရွင္ျခင္း နဲ႔ ၿငိမ္သက္ျခင္းကို ေန႔ရက္တိုင္း ခံစားရတာ ဘုရားကို နံပါတ္ ၁ ထားတဲ့မိသားစုအတြက္ေၾကာင့္ ျဖဴစင္စြာၿပဳံးေက်ာ္ႏိုင္ခဲ့ ရတာ ေပါ့ သားအတြက္ ေမြးေန အတူမရွိခဲ့ရေတာ့ ကိတ္ေလးျပန္ဝယ္ေပး ကြၽန္မေဆး႐ုံကျပန္ဆင္း လာတဲ့ ေက်းဇူးေတာ္ ခ်ီးမြမ္း မိသားစု ဆုေတာင္း Birthday သီခ်င္းဆိုၾက ” ဆိုၿပီး ေဝမွ်ခဲ့ပါ တယ္။

Happy – Cele Zone
Photo – Mee Mee Khel