အမေများနေ့မှာ တန်ဖိုးကြီးပစ္စည်းတစ်ခု လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ်ရဲ့ ချစ်ခင်ပွန်း

Posted on

တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အချစ်မပြယ်ဘဲ ရည်းစားဦးလေးတွေလို ချစ်ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ရှေ့သွားနောက်လိုက်လည်းညီသလို တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို နောက်တစ်ယောက်က ဦးစားပေးတတ်သူတွေပါပဲ။ မနေ့က အမေများ နေ့မှာလည်း စမိုင်းလ်အတွက် လက်ဆောင်အဖြစ်နဲ့ ဘုရားခန်းမှာထားဖို့ ရွှေရောင်ဝင်းနေတဲ့ ဗောဓိညောင်ပင် ပုံစံတူကို လက်ဆောင်ပေးခဲ့ပါတယ်။

 

ဘုရားတရားလည်းကိုင်းရှိုင်းလွန်းပြီး ကိုယ့်နားပတ်ဝန်းကျင်က လူတိုင်းကိုလည်း ဘုရားတရား လုပ်ဖို့တိုက်တွန်းတတ်တဲ့စမိုင်းလ် တစ်ယောက် ဒီလက်ဆောင်လေးကို အရမ်းကို သဘောကျနေ ခဲ့ပါတယ်။ သမီးလေးတွေကိုလည်း လိမ္မာရေးခြားရှိအောင်အပြင် ဘုရားတရားလုပ်ဖို့လည်း အမြဲသွန်သင်တတ်တဲ့ မိခင်ကောင်းတစ်ယောက်ပါ။

 

ခင်ပွန်းရဲ့ လက်ဆောင်လေးကို ” မောင်ပေးတဲ့ Mother’s Day လက်ဆောင် လက်ဆောင်တွေထဲ ဒီဟာလေးကတော့ ကုသိုလ်တွေ အများကြီးရပါတယ် ဘုရားတရားဒီထက်ပိုပြီးလုပ်ပါ့မယ် ကျေးဇူးပါယောကျာ်း ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ကြည့်ရတာ အမြင်ကိုအေးပြီး ဘုရားခန်းလေး ဟာလည်း ပိုပြီးကျက်သရေရှိ သပ္ပါယ်သွားတာတော့ အမှန်ပါပဲ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမမ်ားေန႔မွာ တန္ဖိုးႀကီးပစၥည္းတစ္ခု လက္ေဆာင္ေပးခဲ့တဲ့ စမိုင္းလ္ရဲ႕ ခ်စ္ခင္ပြန္း

တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္း အခ်စ္မျပယ္ဘဲ ရည္းစားဦးေလးေတြလို ခ်စ္ၾကတဲ့ စမိုင္းလ္တို႔ဇနီးေမာင္ႏွံႏွစ္ ေယာက္ဟာ ေရွ႕သြားေနာက္လိုက္လည္းညီသလို တစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္မႈကို ေနာက္တစ္ေယာက္က ဦးစားေပးတတ္သူေတြပါပဲ။ မေန႔က အေမမ်ားေန႔မွာလည္း စမိုင္းလ္အတြက္ လက္ေဆာင္အျဖစ္နဲ႔ ဘုရားခန္းမွာထားဖို႔ ေ႐ႊေရာင္ဝင္းေနတဲ့ ေဗာဓိ ေညာင္ပင္ ပုံစံတူကို လက္ေဆာင္ေပးခဲ့ပါတယ္။

ဘုရားတရားလည္းကိုင္းရႈိင္းလြန္းၿပီး ကိုယ့္နားပတ္ဝန္းက်င္က လူတိုင္းကိုလည္း ဘုရားတရား လုပ္ဖို႔တိုက္တြန္းတတ္တဲ့ စမိုင္းလ္တစ္ေယာက္ ဒီလက္ေဆာင္ေလးကို အရမ္းကို သေဘာက်ေန ခဲ့ပါတယ္။ သမီးေလးေတြကိုလည္း လိမၼာေရးျခား ရွိေအာင္အျပင္ ဘုရားတရားလုပ္ဖို႔လည္း အၿမဲသြန္သင္တတ္တဲ့ မိခင္ေကာင္းတစ္ေယာက္ပါ။

ခင္ပြန္းရဲ႕ လက္ေဆာင္ေလးကို ” ေမာင္ေပးတဲ့ Mother’s Day လက္ေဆာင္ လက္ေဆာင္ေတြထဲ ဒီဟာေလးကေတာ့ ကုသိုလ္ေတြ အမ်ားႀကီးရပါတယ္ ဘုရားတရားဒီထက္ပိုၿပီးလုပ္ပါ့မယ္ ေက်းဇူးပါေယာက်ာ္း ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ၾကည့္ရတာ အျမင္ကိုေအးၿပီး ဘုရားခန္းေလး ဟာလည္း ပိုၿပီးက်က္သေရရွိ သပၸါယ္သြားတာေတာ့ အမွန္ပါပဲ။

Happy – Cele Zone
Photo – Smile