မိခင်ဖြစ်သူကို သိန်း (၈၀) ကျော်တန် စိန်ထည်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ ပိုးကြာဖြူခင်
Posted on
MRTV 4 ဇာတ်လမ်းတွဲတွေမှာ မကြာခဏတွေ့ရတတ်တဲ့ မင်းသမီးလေးပိုးကြာဖြူခင်ကတော့ သီတင်းကျွတ်အခါသမယလေး မှာ မိခင်ဖြစ်သူကို စိတ်ချမ်းသာပျော်ရွှင်အောင် စွမ်းဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဖခင်မရှိတော့တဲ့နောက်မှာ သူမတို့ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာတဲ့ မိခင်ကို အရင်ကထက်ပိုဂရုစိုက်ပြီး ပိုချစ်နေရသူပါ။ ငယ်ရွယ်သေးတဲ့ မောင်လေးကို လည်း သူမကသိပ်ချစ်ပြီး အမကြီးအမိရာပီသအောင်နေနိုင်သူတစ်ယောက်ပါပဲ။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ မိခင်ဖြစ်သူအတွက် သိန်း (၈၀) ကျော်ဖိုး စိန်ထည်ပစ္စည်း တွေနဲ့ ကန်တော့ လိုက်တဲ့အချိန်မှာတော့ မိခင်ဖြစ်သူက အရမ်းကိုပျော်သွားပြီး နေမကောင်းတာ တွေကို ဘယ်နားရောက်သွားမှန်းမသိ ဖြစ်သွားတဲ့အကြောင်းကို လူမှုကွန်ယက်ကနေတဆင့် ပြောပြလိုက်တာပဲဖြစ်ပါတယ်။ လိမ္မာသိတတ်တဲ့ သမီးလေးရဲ့ကျေးဇူး ပြုမှုတွေကို မေမေကတော့ ဂုဏ်ယူမဆုံးတပြုံးပြုံးပါပဲ။
ကြည်နူးစရာကန်တော့ပွဲလေးကို ” သမီးလေးပိုးကြာဖြူခင် “ဆိုင်းမိုင် “ကသီတင်းကျွတ်လပြည့့်နေ့မှာ သိန်း (၈၀) ကျော်ဖိုး စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့လိုက်တော့ အမေအရမ်း ပျော်သွားတာပေါ့ နေမကောင်းဖြစ်နေတာ တောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါဆိုင်းမိုင်ရေ နောက်လည်း ဒီထက်မက မိဘကိုပေးကမ်းနိုင်သူ လေးဖြစ်ပါစေနော်။
Photo – Aye Aye Myint
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Aye Aye Myint
Happy – Cele Zone