ချစ်သူသက်တမ်း (၅) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

Posted on

ချစ်ခင်လာတဲ့သက်တမ်းဟာ ငါးနှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ဝါဆိုတို့နှစ်ယောက်သားကတော့ ငါးနှစ်ပြည့်တဲ့နေ့မှာတော့ အတူတူမရှိနိုင် ခဲ့ကြပါဘူး။ လတ်တလောအခြေအနေတွေကြောင့် ဝေးနေရတဲ့အချိန်ဖြစ်ပေမယ့် ဒီကပ်ကြီးပြီးသွားရင်တော့ အရင်ကလို အတူတူခရီး တွေ အကြာကြီးထွက်မယ့်အကြောင်းကို ဖြိုးလေးက ရိုဆန်ဆန်လေး ပြောခဲ့ပါသေးတယ်။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အကောင်းအဆိုးတွေအားလုံးကို အတူတူကျော်ဖြတ်ခဲ့တာ အခုဆိုရင် ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တစ်ယောက်နဲ့ ဝါသနာကို တစ်ယောက်က ပံ့ပိုးကူညီပေးရင်း တွဲလက်တွေမြဲခဲ့တာ တကယ်ကိုအားကျစရာပါ။ ဝါဆို့ကိုအမြဲတမ်းအလိုလိုက်ပြီး ချစ်တတ်တဲ့ ဖြိုးလေးတစ်ယောက် Anniversary မှာ အတူတူမရှိရတော့ အရင်ကထက်ပိုပြီး လွမ်းနေမှာ အသေအချာပါ။

နှစ်ပတ်လည်အထိမ်းအမှတ်လေးကို နှစ်ယောက်သားရဲ့ပုံရိပ်လေးနဲ့အတူ ” Happy Anniversary ငါ့သဲလေး ဒီကပ်ကြီးပြီးရင် ခရီးတွေ အကြာကြီးအတူတူထွက်ကြမယ် လွမ်းပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ စာလေးကိုဖတ်ပြီး ဝါဆိုတော့မသိဘူး ကြည့်မိသူပရိသတ်တွေ ကတော့ ကြည်နူးနေမှာ သေချာသလောက်ပဲနော်။

Happy – Cele Zone
Photo – Phyo Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Phyo Lay