မိခင်များနေ့မှာ သမီးတွေရှုံးအောင်လှခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ရတနာဗိုလ်

Posted on

ရတနာဗိုလ် ကတော့ မော်ဒယ်လ်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ချစ်စဖွယ် ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ သူဖြစ်ပြီး ကျရာ ဇာတ်ရုပ်ကိုလည်း ပီပြင်အော် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ် ။

မေလ (၁၀) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမေများနေ့အတွက် ရတနာဗိုလ်ကလည်း မိခင်ဖြစ်သူအတွက် ဆုတောင်းစကားလေးတွေကိုရေးသားလာခဲ့ပါတယ် ။ Happy Mother’s Dayသားသမီးတွေအပေါ်အမြဲအနွံတာခံ အမြဲအလိုလိုက် စိတ်သဘောထားဖြူပြီးရိုးသားတဲ့မေမေ အမြဲကျန်းမာပျော်ရွှင်ပြီး သာသနာပြုနိုင်ပါစေလို့ ထာဝရချစ်ရပါသော မေမေပြုံး မေမေတွေ အားလုံးလဲ အမြဲကျန်းမာပျော်ရွှင်ကြပါစေရှင့် ” ဆိုတဲ့စာသားလေးနဲ့အတူ သမီးတွေရှုံးအောင် လှခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ငယ်ဘ၀ ပုံရိပ်တွေကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အန်တီငယ်ငယ်က တော်တော်လေးချောတာပဲ ဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားထားပြီး ရတနာဗိုလ် ကတော့ အဲ့ဒါကြောင့် သမီးတွေလည်းချောတာ ဆိုပြီး အရွှန်းဖောက်ရေးသားထားပါသေးတယ် ။ ရတနာဗိုလ်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက်လည်း ရတနာဗိုလ်မေမေရဲ့ ငယ်ဘ၀ ပုံရိပ်လေးတွေကိုထပ်ဆင့်မျှဝေပေးလိုက်ရပါတယ်နော် ။

Source : Yadanar Bo
Emily ( Cele Zone )