အမေများနေ့မှာ အမြဲနုပျိုလှပနေတဲ့ ခိုင်သင်းကြည်နဲ့ သူမရဲ့အမှတ်ရလေးတွေကို ထုတ်ပြခဲ့တဲ့ စံထိပ်ထားဦး

Posted on

ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီ အနုပညာရှင်တွေ ရဲ့မိသားစုတွေထဲမှာ အကယ်ဒမီခိုင်သင်းကြည် တို့မိသားစုလေး လည်း အပါဝင်ပါပဲနော် ။ မိသားစု စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြပြီး မခိုင်လေးကတော့ သမီးလေး စံထိပ်ထားဦးကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်လို့ ဆိုရမှာပါ ။

ထိပ်ထိပ်က မခိုင်လေးနဲ့ ကိုခန့်နိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး ဖေဖေနဲ့ မေမေက တုန်နေအောင်ချစ်တာ ခံရတဲ့ သူလေးပါ ။ ဒီနေ့ မေလ (၁၀) ရက်နေ့အမေများနေ့မှာတော့ ထိပ်ထိပ်လေးက ” Happy Mother’s Dayပါ forever young မေမေ! I ချစ်ယူ so much ” ဆိုတဲ့စာသားလေးနဲ့အတူ သူမငယ်ငယ်ကနေ အခုထိ မပြောင်းလဲသေးဘဲ နုပျိုလှပနေဆဲဖြစ်တဲ့ မိခင်ဖြစ်သူနဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ မခိုင်လေးကလည်း ကျေးဇူးပါ အချစ်လေး ဆိုတဲ့ စာသားလေးနဲ့ မှတ်ချက်ရေးသားထားပါသေးတယ် ။

Cele Zone ပရိသတ်ကြီးအတွက်လည်း ငယ်ငယ်ထဲက ခုထိ လှပနုပျိုပြီး သမီးနဲ့အပြိုင်လှနေတဲ့ မခိုင်လေး တို့ သားအမိရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးရော အမေများနေ့မှာ မေမေ့အတွက် အမှတ်တရစကားလေးတွေ ပြောပြီးကြပြီလား ။

Source : San Htate Htar Oo
Emily (Cele Zone)