အဆိုတော် ဇော်ဝင်းရှိန်ရဲ့ ပိုင်ရှင်ဆိုတဲ့သီချင်းလေးကို ပြန်လည်ဆန်းသစ်ထားတဲ့ အုပ်စိုးခန့်ရဲ့ Music Video

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်လေး အုပ်စိုးခန့်ကတော့ ကိုယ်ပိုင်သီချင်းသစ်လေးနဲ့အတူ ပရိသတ်တွေရှေ့ကို ရောက်ရှိလာပြီး အားပေးမှုအခိုင်အမာရရှိလာခဲ့တဲ့ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ် ။ သီချင်းဆိုတာအပြင် အိပ်မက်တွေ မိုးထားတဲ့အိမ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ပထမဆုံး အတွေ့ကြုံလို့မထင်ရေလောက်အောင် သရုပ်ဆောင်ပီပြင်ခဲ့တာကိုတော့ ပရိသတ်တွေ အမြင်ပါပဲနော် ။

Cover Song သီချင်းလေးတွေလည်း မကြာခဏ သီဆိုတတ်သလို မကြာသေးမီကမှ လွှမ်းမိုးရဲ့ မမသီချင်းလေးကိုCover သီဆိုခဲ့ပြီး Tik Tok မှာရော Facebook မှာပေါက်ခဲ့တာဖြစ်ပါတယ် ။ ခဏလေးအတွင်း ကြည့်ရှုသူသန်းချီခဲ့ပြီး ရေပန်းစားခဲ့တာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ မူရင်းအဆိုရှင် ဦးဇော်ဝင်းရှိန်ရဲ့ ပိုင်ရှင် ဆိုတဲ့တေးသီချင်းလေးကို အုပ်စိုးခန့်က ကာဗာပြန်လည် သီဆိုထားပြီး အုပ်စိုးခန့်နဲ့ သင်ဇာတို့ကချစ်စဖွယ်သရုပ်ဆောင်ထားကြတဲ့ Music Video လေးကို V7Entertainment က တဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေ ငယ်ငယ်ထဲက ကြိုက်ခဲ့ကြတဲ့ ပိုင်ရှင်ဆိုတဲ့ သီချင်းလေးကို နားဆင်ရင်း ပိုင်ရှင် မရှိသေးတဲ့ ချစ်ရသူရဲ့ ပိုင်ရှင်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း အုပ်စိုးခန့်ရဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်တယ် နော် ။ ပရိသတ်ကြီးကလည်း အုပ်စိုးခန့်ရဲ့ အသစ်ပြန်လည် ဆန်းသစ်မှုလေးကို သဘောကျရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Oak Soe Khant
Emily (Cele Zone)