အမေများနေ့ကိုဂုဏ်ပြုထားတဲ့ နန်းစန္ဒာလှထွန်းတို့သားအမိနှစ်ယောက်ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးအမေများနေ့ကိုဂုဏ်ပြုထားတဲ့ နန်းစန္ဒာလှထွန်းတို့သားအမိနှစ်ယောက်ရဲ့ ချစ်စဖွယ် ဗီဒီယိုလေး

Posted on

MRTV-4 မင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ ရေဝတီဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ မင်းသမီးလေးဖြစ်သလို ဇာတ်လမ်းတွဲပေါင်းများစွာလည်း ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ် ။ သူမရဲ့ ကာရိုက်တာတိုင်းကို ပရိသတ်တွေက အားပေးဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ် ။ Stay Home ကာလတွေမှာလည်း ချစ်စရာ ကောင်းတဲ့ Tik Tok လးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် မျှဝေပေးနေတဲ့ မင်းသမီးလေးလည်းဖြစ်ပါတယ် ။

ဒီနေ့က အပြည်ပြည်ဆိုင်ရာ အမေများနေ့ဖြစ်တဲ့အတွက် မိခင်ဖြစ်သူအတွက် ကျေးဇူးတင်စကားတွေ ဆုတောင်းစကားတွေ ကို လူတိုင်းလိုလို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားပေးနေကြပါတယ် ။ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ မိခင်ဖြစ်သူနဲ့အတူ တကမ္ဘာလုံးမှာရှိတဲ့ အမေတွေအတွက် ဂုဏ်ပြုစကားလေးကို ဗီဒီယိုရိုက်ပြီး ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားပါတယ် ။ ချစ်တယ် မားမား ရှေ့က Video file ရဖို့အတွက် နောက်ဆုံးက video ကအသက်ပဲ Love her reaction so much check it! ဆိုတဲ့စာသားလေးနဲ့အတူ Behind the scense ဗီဒီယိုလေးကိုလည်း အပျော်သဘောနဲ့ ပြန်လည် မျှဝေပေးထားပါသေးတယ် ။

နန်းစန္ဒာလှထွန်းရဲ့ မေမေကတော့ သူမနဲ့အရမ်းကိုရုပ်ဆင်ပြီး လှတယ်ဆိုတာကတော့ ပရိသတ်တွေအားလုံး အမြင်ပါပဲနော် ။ နန်းစန္ဒာလှထွန်းကိုချစ်တဲ့ Cele Zone ပရိသတ်ကြီးအတွက် အမေများနေ့ကိုဂုဏ်ပြုထားတဲ့ နန်းစန္ဒာလှထွန်းတို့ သားအမိ နှစ်ယောက် ရဲ့ ချစ်စဖွယ် ဗီဒီယိုလေး ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nan Sandar Hla Tun
Emily (Cele Zone )