အသက် (၉၁) နှစ်အရွယ်မိခင်နဲ့အတူ စင်ပေါ်ကနေ ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ မို့မို့မြင့်အောင်

အသက်ရှည်ပြီး သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတဲ့ဘဝဟာ လူတိုင်းလိုချင် တဲ့ အိုဇာတာကောင်းတဲ့ ဘဝပါပဲ။ ဒီလိုဆုတောင်းမျိုးကို အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ မိခင်က ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ အသက် (၉၁) နှစ်ရှိပြီ ဖြစ်ပေမယ့် ပိန်ပိန်ပါးပါး လေးနဲ့ လန်းလန်း ဆန်းဆန်းရှိနေတာဟာ ဘုရားပေးတဲ့ဆုတစ်ခုလို့ တောင်ဆိုနိုင်ပါရဲ့ပရိသတ်ကြီးရေ။

ပွဲတစ်ခုမှာဖျော်ဖြေခဲ့စဉ်က မိခင်နဲ့အတူ ပျော်စရာအမှတ်တရလေးတွေရှိခဲ့တဲ့ ဗီဒီယိုလေးကို အန်တီမို့က ဒီနေ့မှာ ပြန်ဝေမျှခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ မေမေကလည်း သမီးနဲ့အတူ ပရိသတ်တွေကိုပျော်ရွှင်အောင် ဟာသလေးတွေနှောပြီး စနောက်ခဲ့ပါသေးတယ်။ အနီရောင်ဝတ်စုံလေးတွေနဲ့ အလှကြီးလှနေတဲ့ သားမိကိုကြည့်ရတာ တကယ်ကိုကြည်နူးရပါတယ်။

မိခင်ရဲ့အသက်အရွယ်ကို ပရိသတ်တွေကိုခန့်မှန်းခိုင်းတဲ့အချိန်မှာတော့ အားလုံးက ခန့်မှန်းခဲ့ကြပေမယ့် ဘယ်သူမှတော့ အသက် (၉၀) ကျော်လို့ မထင်ခဲ့ကြပါဘူး။ အဲ့လောက်တောင်နုတယ်ဆိုတော့ သားသမီးတွေကစိတ်ချမ်းသာအောင်ထားလို့ဆိုတာ သိသာလွန်းနေပါ တယ်။ အန်တီမို့နဲ့ သူမရဲ့မိခင်တို့ ဘယ်လိုတွေကြည်ကြည်နူးနူးရှိခဲ့တယ်ဆိုတာ ဗီဒီယိုလေးနဲ့ တင်ဆက်ပေးလိုက်ပြီနော်။

Happy – Cele Zone
Photo – Moh Moh Myint Aung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone