အမေများနေ့မှာ မိခင်ကိုရော ယောက္ခမဖြစ်သူကိုပါ ကျေးဇူးတင်စကားဆိုလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့ မိခင်ဖြစ်သူ အပြင် ယောက္ခမဖြစ်သူကိုပါ ကိုယ့်မိခင်အရင်းလို တလေးတစားနဲ့ ကျေးဇူးတင်စကားပြောခဲ့ပါ တယ်။ ဒီနေ့ဟာ အမေများနေ့ဖြစ်ပြီး ကိုယ့်မွေးသမိခင်ကို ကျေးဇူးတင်စကားမမေ့မလျော့ပြောသင့်တဲ့ နေ့တစ်နေ့ပါပဲ။

နန်းမြတ်ကလည်း သူမရဲ့မိခင်အပြင် သူမရဲ့ယောက္ခကိုလည်း မမေ့မလျော့ ကျေးဇူးတင်စကား ပြောခဲ့တာ တကယ့်ကိုလေးစားစရာပါပဲ။ ကိုယ့်ကိုရှာဖွေကျွေးမွေးနေတဲ့ ခင်ပွန်းရဲ့မိခင်ဖြစ်သူ ဟာလည်း ကျေးဇူးရှိသူတစ်ယောက်ပဲမို့ ဒီလိုအထိမ်းအမှတ်နေ့လေးမှာ သတိတရ ရှိပေးတာဟာ ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းသွားတာပေါ့နော်။

နန်းမြတ်က အမေနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ပုံရိပ်လေးတွေကို ” Happy Mother’s Day ပါ မေမေ အဆုံးမရှိတဲ့မေတ္တာတရားတွေ အတွက်ကျေးဇူးတင်ပါတယ်မေမေ ယောက်ျားကောင်း တယောက်ဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်မေမေ (ယောက္ခမ) သားလေးအတွက်မေမေကောင်း ချွေးမလေးအတွက်ယောက္ခမကောင်းဖြစ်အောင် ကြိုးစားသွား ပါမယ်။ အမေတယောက်ရဲ့ ခွန်အား၊ သတ္တိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အချစ်တွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး Salute to all mummies ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။

Happy – Cele Zone
Photo – Nann Myat Phyo Thin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone