ရိုးရိုးအေးအေးလေးနဲ့ အားလုံးကို အမြဲအနွံတာခံတဲ့ ထက်ထက်မြက်မြက် အမေတယောက်ရှိတယ်ဆိုတဲ့ ဖွေးဖွေး

Posted on

ဒီနေ့ဟာ အမေများနေ့ဖြစ်တာမို့ အနုပညာရှင်တွေလည်း အိမ်မှာပဲနေရင်း မိခင်နဲ့အတူ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဝေမျှခဲ့ ပါတယ်။ ဖွေးတစ်ယောက်လည်း သူမရဲ့ မိခင်နဲ့အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ တင်ပေးခဲ့ပါတယ်။ မိခင်တိုင်း ဟာ သားသမီးတိုင်းကို အကောင်းမွန်ဆုံးဘဝတွေပဲပေးချင်ခဲ့ပြီး တကယ်တမ်း ကောင်းမွန်သူတွေ ဖြစ်လာတဲ့အချိန်မှာလည်း ပီတိကို စားပြီး အားရှိနေကြသူတွေပါ။

မိခင်ဆိုတာ မိသားစုတစ်ခုရဲ့ အိမ်တွင်းသူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဖွေးတစ်ယောက် မိခင်နဲ့ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ” Happy Mothers’ Day to all the moms out there! ရိုးရိုးအေးအေးလေးနဲ့ အားလုံးကို အမြဲ အနွံတာခံတဲ့ ထက်ထက်မြက်မြက် အမေတယောက် ကျွန်မမှာရှိတယ်! အားလုံးအပေါ် ရိုးသား ဖို့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ သင်ပေးခဲ့ တယ် ! & Thx for letting me be myself as always too mom Not just today I Love you everyday & အမေ ဆိုတာ တခါတုန်းကသမီးပါပဲ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

မိခင်ရဲ့အကြောင်းလေးကိုလည်း ” ဖွေးမေမေရဲ့အမေ (ဖွေး ဖွားဖွားကို အမေငယ်ငယ်ထဲက ဆုံးရှုံးခဲ့ရပေမယ့် အမြဲချစ်ပြီး အဖွားဆုံးမ ခဲ့တဲ့အတိုင်း အမေနေခဲ့တယ် အမေ မရှိတော့တဲ့ သူများလဲ ရင်ထဲမှာ အမြဲထာဝရမေမေရှိနေပါတယ်နော် အမေတွေအားလုံး ပျော်ရွှင် အေးချမ်း ကြပါစေ (P.S ဒီကာလမှာမို့ အရမ်းအားပြီး ဒီလိုပုံတွေများကြီး နဲ့ အမေများနေ့ကို ဂုဏ်ပြုနိုင် တာပါ ” ဆိုပြီးလည်း ပြောပြခဲ့ ပါသေးတယ်။

Happy – Cele Zone
Photo – Phway Phway

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Phway Phway