ကြည်နူးပျော်ရွှင်မှုတွေအပြည့်နဲ့ နေခြည်ဦးတို့ရဲ့ မိသားစုပုံရိပ်လေးတွေ

Posted on

ဒီနေ့ဟာအမေများနေ့ဖြစ်ပါတယ်။ နေခြည်ကတော့ အမေများနေ့အတွက်ရည်စူးပြီး ကိုယ့်မိသားစုနဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ပရိသတ်တွေ ကိုလည်း ကိုယ့်မိသားစုနဲ့ရိုက်ထားတဲ့ပုံရိပ်လေးတွေကို ပြန်ဝေမျှစေခဲ့ပါသေးတယ်။ မိသားစုဆိုတာ အကောင်းဆုံးအသိုက်အမြုံလေးဖြစ်ပြီး အပြင်မှာဘယ်လောက်ပဲပျော်နေပါစေ အချိန်တန်ရင်တော့ ကိုယ့်မိသားစုလေး ဆီပြန်ချင်ကြတဲ့သူတွေချည်းပါပဲ။

 

 

 

သူမတို့ရဲ့ကြည်နူးစရာမိသားစုပုံရိပ်လေးကို ” နေခြည်တို့မိသားစုလေးရဲ့ ပထမဆုံး Family Portrait လေးပါ။ အကြောင်းအမျိုးမျိုးနဲ့ မရိုက်ဖြစ်ခဲ့ကြတာ အခု Quarantine အချိန်က တစ်ယောက်နဲ့တစ်ယောက်ကို အချိန်ပေးမှု ဂရုစိုက်မှုတွေ ပိုတိုးလာစေတာပေါ့။ နေခြည့် chillies တွေက နေခြည့်ကိုတင်မဟုတ်ဘူး နေခြည့်မိသားစုကိုလဲ အရမ်းချစ်ကြတာဆိုတော့ ဒီမိသားစု ပုံလေးတွေတင်လိုက်ရင် အားလုံးကြည့်ပြီး ကြည်နူးနေမယ်ဆိုတာ သိတယ်လေ။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

 

ဒီနောက်မှာလည်း ” အမေများနေ့ဆိုတော့ နေခြည့်မိသားစုပုံလေးတွေတွေ့ရင် ကိုယ့်မေမေ ကိုယ့်မိသားစုဝင်တွေကိုလဲ သတိရသွားမယ် မျှော်လင့်မိပါတယ်။ ဒါကြောင့် အဝေးရောက်နေကြ လဲ ဖုန်းလေးဆက်ပေးပါ။ သတိတရ စာလေးပို့ပါ။ အဖေအမေမောင်နှမမှ မိသားစု မဟုတ်ဘူး နော်။ ကိုယ့်အနားမှာရှိတဲ့ ကိုယ့်ကိုဂရုစိုက် အနစ်နာခံကြတဲ့ ဦးလေး အဒေါ် ဘိုးဘွား သူငယ်ချင်းတွေကလဲ ကိုယ့်မိသားစု တွေပါပဲ။ နေခြည်ကတော့ အဲ့လိုပဲခံယူတယ်။ မိသားစုတိုင်း အေးချမ်း မှုလုံခြုံမှုပေးနိုင်တဲ့ အသိုက်အမြုံလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ” လို့လည်း ဆုတောင်းစကား ပြောခဲ့ပါသေးတယ်။

 

Happy – Cele Zone
Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကည္ႏူးေပ်ာ္႐ႊင္မႈေတြအျပည့္နဲ႔ ေနျခည္ဦးတို႔ရဲ႕ မိသားစုပုံရိပ္ေလးေတြ

ဒီေန႔ဟာအေမမ်ားေန႔ျဖစ္ပါတယ္။ ေနျခည္ကေတာ့ အေမမ်ားေန႔အတြက္ရည္စူးၿပီး ကိုယ့္မိသားစုနဲ႔အမွတ္တရပုံရိပ္ေလး ေတြကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။ ပရိသတ္ေတြ ကိုလည္း ကိုယ့္မိသားစုနဲ႔႐ိုက္ထားတဲ့ပုံရိပ္ေလးေတြကို ျပန္ေဝမွ်ေစခဲ့ ပါေသးတယ္။ မိသားစုဆိုတာ အေကာင္းဆုံးအသိုက္အၿမဳံေလးျဖစ္ၿပီး အျပင္မွာဘယ္ေလာက္ပဲေပ်ာ္ေနပါေစ အခ်ိန္တန္ရင္ေတာ့ ကိုယ့္မိသားစုေလးဆီျပန္ခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ။

သူမတို႔ရဲ႕ၾကည္ႏူးစရာမိသားစုပုံရိပ္ေလးကို ” ေနျခည္တို႔မိသားစုေလးရဲ႕ ပထမဆုံး Family Portrait ေလးပါ။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ မ႐ိုက္ျဖစ္ခဲ့ၾကတာ အခု Quarantine အခ်ိန္က တစ္ေယာက္နဲ႔တစ္ေယာက္ကို အခ်ိန္ေပးမႈ ဂ႐ုစိုက္မႈေတြ ပိုတိုးလာေစတာေပါ့။ ေနျခည့္ chillies ေတြက ေနျခည့္ကိုတင္မဟုတ္ဘူး ေနျခည့္မိသားစုကိုလဲ အရမ္းခ်စ္ၾကတာဆိုေတာ့ ဒီမိသားစု ပုံေလးေတြတင္လိုက္ရင္ အားလုံးၾကည့္ၿပီး ၾကည္ႏူးေနမယ္ဆိုတာ သိတယ္ေလ။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

ဒီေနာက္မွာလည္း ” အေမမ်ားေန႔ဆိုေတာ့ ေနျခည့္မိသားစုပုံေလးေတြေတြ႕ရင္ ကိုယ့္ေမေမ ကိုယ့္မိသားစုဝင္ေတြကို လဲ သတိရသြားမယ္ေမွ်ာ္လင့္မိပါတယ္။ ဒါေၾကာင့္ အေဝးေရာက္ေနၾက လဲ ဖုန္းေလးဆက္ေပးပါ။ သတိတရ စာေလး ပို႔ပါ။ အေဖအေမေမာင္ႏွမမွ မိသားစုမဟုတ္ဘူး ေနာ္။ ကိုယ့္အနားမွာရွိတဲ့ ကိုယ့္ကိုဂ႐ုစိုက္ အနစ္နာခံၾကတဲ့ ဦးေလး အေဒၚ ဘိုးဘြား သူငယ္ခ်င္း ေတြကလဲ ကိုယ့္မိသားစုေတြပါပဲ။ ေနျခည္ကေတာ့ အဲ့လိုပဲခံယူတယ္။ မိသားစုတိုင္း ေအးခ်မ္း မႈလုံၿခဳံမႈ ေပးႏိုင္တဲ့ အသိုက္အၿမဳံေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။ ” လို႔လည္း ဆုေတာင္းစကား ေျပာခဲ့ပါေသးတယ္။

Happy – Cele Zone
Photo – Nay Chi Oo