နှင်းဆီ ဖြစ်ခဲ့ စဉ်က ခံစားချက်အချို့ကို ဖွင့်ဟလာ တဲ့ခေးဆက်သွင်

Posted on

အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ တက်သစ်စ မင်းသမီးချောလေး ခေးဆက်သွင် ဟာ MRTV-4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်သိလာတဲ့ သရုပ် ဆောင်ကောင်းသူ မင်းသမီးချောလေးဘဲ ဖြစ်ပါတယ် ။ သူမဟာ ဆွဲဆောင်မှု ရှိတဲ့အလှ တရားကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းသူလေးလဲဖြစ်ပြီး “ဥယျာဉ်မှူးဖြစ် ဖူးချင်သည် ” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ် ။

နှင်းဆီဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်ရခဲ့တဲ့ ခေးဆက်သွင်ကတော့ ခေးဆက်သွင်ဆိုတဲ့ နာမည် ပါပျောက်ပြီး ပရိသတ်တွေက နှင်းဆီလို့ခေါ်နေကြတဲ့ထိ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ ။ လတ်တလောမှာတော့ ခေးဆက်သွင် တစ်ယောက် နှင်းဆီ ဖြစ်ခဲ့ စဉ်က ခံစားချက်အချို့ကို ဖွင့်ဟလာခဲ့ပါတယ် ။ နှင်းဆီ ဖြစ်ခဲ့ စဉ်က မာယာတွေကို အချစ်လို့ ထင်ခဲ့ ဖူးတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ဇာတ်ဝင်ခန်းအမှတ်တရပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

သူမရဲ့ ပရိသတ်တွေကတော့ နှင်းဆီလေးက သရုပ်ဆောင် အရမ်းကောင်းတယ် ဆိုတဲ့မှတ်ချက်လေးတွေ ဝေဆာနေအောင် ရေးသားထားကြတာလည်းတွေ့မြင်ရပါတယ် ။ နှင်းဆီကိုချစ်တဲ့  CeleZone ပရိသတ်ကြီးအတွက် နှင်းဆီနဲ့ ကိုကျော်တို့ရဲ့ အမှတ်ရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khay Sett Thwin
Emily (Cele Zone)