တောင်ဥက္ကလာပ ဆေးရုံမှာ Rohto မိသားစုနဲ့အတူ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ အောင်မင်းခန့်

Posted on

မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်း ခံနေရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်တဲ့ မင်းသား ချောလေး အောင်မင်းခန့်ကတော့ ထာဝရ မန္တလေး ဇာတ်လမ်းတွဲကနေ ပရိသတ်တေသတိထားမိလာတဲ့ မင်းသား ချောလေး ဖြစ်ပါတယ် ။ ကိုရီးယားမင်းသားလေးလို့ ချောမောတဲ့ အောင်မင်းခန့်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံမှုကို အပြည့်ဝ ရရှိထားတဲ့မင်းသားချောလေး ဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဆက်လက်ရိုက်ကူးနေပြီး သူ့ကိုချစ်တဲ့ဖန်တွေအတွက် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက် ပါ ။

လတ်တလောမှာတော့ အောင်မင်းခန့်တစ်ယောက် တောင်ဥက္ကလာပ ဆေးရုံမှာ Rohto မိသားစုနဲ့အတူ လှူဒါန်းမှု တွေပြု လုပ်ခဲ့ တယ်လို့သိရပါတယ် ။ ဒီနေ့အလှူလေးကို ” ဒီနေ့ တောင်ဥက္ကလာဆေးရုံမှာ Rohto မိသားစုနဲ့ Rohto ထုတ်ကုန်များPPE ဝတ်စုံများနဲ့အတူ လိုအပ်တာများလှူဒါန်းခဲ့ပါတယ် Rhoto မိသားစုလဲဒီထက်မကအောင်မြင်ပီး ဆထက်တပိုးလှူနိုင်တန်းပါစေ” ဆိုတဲ့စာသားလေးနဲ့အတူ အလှူပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့တာ ပဲဖြစ်ပါတယ် ။ အစ်ကိုနဲ့ Rhoto မိသားစုဒီထက်မက အောင်မြင်ပါစေ လို့ပရိသတ်တွေက ဆုမွန်ကောင်းလေးတွေ တောင်းပေး ထားကြပါသေးတယ် ။

ပရိသတ်တွေကတော့ အောင်မင်းခန့်ရဲ့ အလှူအတွက် သာဓုတွေခေါ်ဆိုနေကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့လည်း သူတို့ရဲ့ ဆန္ဒလေးတွေကို မှတ်ချက်ရေးသားထားကြပါသေးတယ် ။ အောင်မင်းခန့်ကိုချစ်တဲ့ Cele Zone ပရိသတ်ကြီးအတွက် အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်တယ်နော် ။

Source : Aung Min Khant
Emily (Cele Zone)