COVID ICUတွင် လုပ်ကိုင်နေကြသော ဆရာဝန်များအတွက် ဆေးရုံသုံးပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

Posted on

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ Coivd-19 ကာလတွေမှာ လိုအပ်နေတဲ့ နေရာတွေအတွက် စွမ်းစွမ်းတမံ လှူဒါန်းမှုတွေ ပြုလုပ်နေကတာပဲဖြစ်ပါတယ် ။ နွမ်းပါးပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အလှူငွေတွေ လှူဒါန်းခဲ့သလို လိုအပ်နေ တဲ့စားသောက်ကုန်တွေကိုလှူဒါန်းခဲ့ကြပါတယ် ။ဒီတစ်ခါမှာတော့ COVID ICUတွင် လုပ်ကိုင်နေကြသော ဆရာဝန်များအတွက် ဆေးရုံသုံးပစ္စည်းတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။


COVID ICU ဆရာဝန်များအတွက် အသုံးပြုရန် PAPR (၂) လုံးနဲ့ filter အခု (၂၀) တို့ကိုလှူဒါန်းခဲ့တာပါ ။ ခေတ်သစ်ဖောင်ဒေးရှင်း သို့ လှူဒါန်းပါဝင်ကြသော အလှူရှင်များအားလုံး၏ အလှူမို့ ပီတိဖြစ်ရပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သုဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ အလှူလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ် ။ Covid-19 ကာလမှာ အလှူရှင်တွေနဲ့ ထပ်တူထပ်မျှ အားတက်သရော လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ တကယ်ကိုလေးစားစရာပါပဲ ပရိသတ်ကြီးရေ ..။

ပရိသတ်တွေအားလုံးကလည်း ခေတ်သစ်ဖောင်းဒေးရှင်း ရဲ့ အသုံးဝင်တဲ့လှူဒါန်းမှုလေးတွေအတွက် ကြည်နူးစွာနဲ့ သာဓုခေါ်ဆိုနေကြတာလည်းတွေ့ရပါတယ် ။ ခေတ်သစ်ဖောင်ဒေးရှင်းလည်း အလှူရှင်တွေ များများပေါ်ပေါက်ပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai
Emily (Cele Zone)