နာရီပိုင်းအတွင်း ကြည့်ရှုသူ သန်းချီခဲ့တဲ့ အခြေခံလူတန်းစားတွေအတွက် ရေးစပ်ထားတဲ့ ယုန်လေးရဲ့ သီချင်းအသစ်

အနုပညာ ဝါသနာပါပေမယ့် ဝမ်းရေးကြောင့် ဝါသနာကိုဘေးချိတ်ပြီး ဘဝအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူငယ်လေးတွေ ကို အမြဲလက်တွဲခေါ်ပြီး မြေတောင်မြှောက်ပေးတတ်တဲ့ တေးသံရှင် ယုန်လေးကတော့ Min-z , A4 လို့ ခေါ်တဲ့ လူငယ်လေး နှစ်ယောက် ကို ဝမ်းစာ ဆိုတဲ့ တေးသီချင်းလေးနဲ့ အတူ လက်တွဲခေါ်ဆောင်ခဲ့ပြန်ပါပြီ ။

အိမ်ခေါင်းမိုးက ကောင်းကင်ဆိုရင် မွေ့ယာမြေကြီး ရှုစရာလေတောင်မရှိတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ဝမ်းရေးဆိုတာ အန္တရာယ်တွေကြားမှာ ဆိုတဲ့ ရင်နင့်စရာစာသားလေးတွေ ပါဝင်တဲ့ ဝမ်းစာဆိုတဲ့ သီချင်းလေးဟာ ဘဝကို ခက်ခဲစွာ ရုန်းကန် နေရတဲ့ လက်လုပ်လက်စားသမားတွေ ရဲ့ဘဝကို ပုံဖော်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဒီသီချင်းလေးက တင်ပြီး နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူသန်းချီခဲ့ပါတယ် ။

အနုပညာရှင်တွေကလည်း ဒီသီချင်းလေးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်းစာလေးတွေ ရေးသားထားကြပြီး လက်တွဲ ခေါ်ဆောင်လာခဲ့တဲ့ လူငယ်လေးနှစ်ယောက်အတွက်လည်း တစ်ကယ့်ကို မှတ်တိုင်တစ်ခုဖြစ်မှာပါ ။ နားမဆင်ရသေးတဲ့ Cele Zone ပရိသတ်ကြီးအတွက် ဝမ်းစာ ဆိုတဲ့သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yone Lay
Emily (Cele Zone )

error: Content is protected !!