{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589016755125","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589016743084","source":"other","origin":"unknown"}

မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပထမဆုံးကြိမ်ထုတ်ပြလိုက်တဲ့ နေခြည်ဦး

Posted on

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ သွက်လက်တက်ကြွပြီး ထက်မြက်တဲ့အမျိုးသမီးလေးတစ်ဦးအဖြစ် ပရိသတ်တွေအားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရတာ ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger အဖြစ် လူမှုကွန်ယက်စာမျက်နှာထက်မှာ အရင်ဆုံးအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နေခြည်ဦးက ကြော်ငြာလေးတွေရိုက်ကူးရင်း သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးလာခဲ့တာ ဖြစ်ပါတယ်။

နေခြည်ဦးက ကျန်းမာရေးနဲ့ အလှအပကို ဂရုတစိုက်နေထိုင်တတ်သလို ဖက်ရှင်ပိုင်းမှာလည်း တကယ့်ကိုအမြင်ရှိပြီး အမြဲတမ်းသူများနဲ့မတူ ဆန်းသစ်လှပနေတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုလှလာတဲ့ နေခြည်ဦးက မိန်းကလေးတိုင်းအားကျနေရတဲ့ မင်းသမီးလေးဆိုလည်း မမှားပါဘူးနော်။

သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ tik tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆိုသလို ဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း မိသားစု စုံစုံလင်လင်နဲ့ ပထမဆုံးရိုက်ထားတဲ့ ကြည်နူးစရာပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးမိတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Nay Chi Oo