{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589011596649","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589011585412","source":"other","origin":"unknown"}

ချစ်ဖေဖေကို အလိုက်တသိ ဝိုင်းနှိပ်ပေးနေကြတဲ့ သမီးလေးတွေရဲ့ ပုံလေးတွေတင်လိုက်တဲ့ နန္ဒာလှိုင်

Posted on

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ သူလေးတစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကိုရပ်နားခဲ့တဲ့ နန္ဒာလှိုင်ကိုတော့ အမာခံပရိသတ်တွေက အခုအချိန်အထိ ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် နန္ဒာလှိုင်က သမီးချောလေးသုံးယောက်ကို မွေးဖွားထားတဲ့ ကလေးမေမေပဲ ဖြစ်ပါတယ်။

ကလေးသုံးယောက်မိခင်ဖြစ်တဲ့ နန္ဒာလှိုင်က အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာလည်း အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း နန္ဒာလှိုင်ကို ပရိသတ်တွေကလူမှုကွန်ယက်ကတစ်ဆင့် ဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ နန္ဒာလှိုင်က ရိုးရိုးယဉ်ယဉ်လေးဝတ်ဆင်ထားရင်တောင်မှ သူမရဲ့အလှတွေကပေါ်လွင်တောက်ပနေတာ ဖြစ်ပါတယ်။

ဒါ့ပြင်သမီးလေးတွေရဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေကိုလည်း မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ချစ်ဖေဖေကို ဝိုင်းနှိပ်ပေးနေကြတဲ့ သမီးလေးတွေရဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။သမီးလေးတွေက လိမ္မာပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nandar Hlaing

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Nandar Hlaing