အခက်အခဲဖြစ်နေတဲ့ မိသားစုတစ်ခုကို အိမ်တိုင်ရာရောက် လှူတန်းပေးခဲ့တဲ့ ယုန်းလေးနဲ့ စေတနာရှင်တစ်ချို့

Posted on

လှူလွန်းလို့ လက်ထဲမှာတောင်ငွေပြတ်သွားတဲ့အထိကို သဒ္ဓါအားကောင်းလွန်းတဲ့ ယုန်လေးတစ်ယောက် ဒီတစ်ခေါက်မှာလည်း ကိုယ်တိုင် သွားပြီး အများရဲ့အလှူကို အကျိုးဆောင်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ ဝေမျှပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း လှူသလို အလှူရှင်တွေရဲ့ လှူတန်းမှုကိုလည်း ကိုယ်စွမ်းနဲ့တတ်နိုင် သလောက် ကူညီပေးတဲ့ ယုန်လေးရဲ့စိတ်ဓာတ်က လေးစားစရာပါ။

ဒီတစ်ခေါက်မှာလည်း ကိုယ်တိုင်သွားပြီး စိတ်ခွန်အားစကားလေးပြောရုံကလွဲပြီး မလှူတန်းနိုင်သေးတာကြောင့် အားလုံးကို တောင်းပန် စကားဆိုခဲ့ပါတယ်။ ကိုယ်တိုင်လည်း တခြားလိုအပ်တာတွေကို လှူတန်းဖို့ချိန်ဆနေရတဲ့အခက်အခဲလေးတွေရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူညီပေးတာနဲ့တင်ကို အားလုံးက ကျေးဇူးတင်နေပါပြီ။

အားလုံးရဲ့ အလှူလေးကို ” တောင်ဒဂုံ က မိသားစု ၅ယောက်ကို ရှာကျွေးနေတဲ့ ညီမလေး ပေါင်သွေးခဲသွားလို့ ၆လ နားရမယ့် ညီမလေး စီကိုရောက်ခဲ့ပါပြီ အစ်မကဆုံးသွားပြီး ကျွန်တော့်လို မိဘမဲ့အဖြစ် ကလေး ၃ယောက်ကျန်ခဲ့တယ် သူတို့ကိုတော့ ဘဝတူတွေ ဖြစ်ကြောင်းအားပေးခဲ့ပါတယ် တစ်မိသားစုလုံး စိတ်ဓာတ်ကိုတော့လေးစားပါတယ် ဘယ်သူ့မှမပြောဘူး ကြိတ်ပြီး ဆန်ပြုတ်လေးပဲ သောက်နေတာ သတင်း Media တစ်ခုက တင်တော့မှ .ကို 7 Day ဇာတ်ညွန်း နဲ့ တစ်ခြား လူများ Cb မှာလာပို့တယ် . ကျွန်တော်တို့ သိတယ် လာကူဖြစ်တယ် သတင်း Media တွေ ကို အဲ့လိုလေးတွေအတွက်တော့ အရမ်းချီးကျူးလေးစား ပါတယ် တစ်ချို့ ပေါက်ကရ Page တွေလည်း အကျိုးရှိရှိ ရည်ရွယ်ချက်ကောင်းရင် ကျွန်တာ်တို့ပိုပျော်ဖို့ကောင်းပြီ အိမ်အထိ ရောက်အောင် သေချာကူညီပေးတဲ့ လွှတ်တော် အမတ် ကိုညီကို လည်း အထူးကျေးဇူးပါ။ Veve အချိုရည် တစ်ကဒ်နဲ့Alisa Maneenok Boss Koy 500000 / Ma Love Rose 100000 / Ali Sa 60000 / Dee De Poe 50000 ကျွန်တော်ကတော့ ချိန်ပြီးလှူနေရလို့ ဒီအလှူမှာ လူကိုယ်တိုင် တာဝန်ယူ သွားလှူပြီး စိတ်ခွန်အားပဲ သွားပေးနိုင်ပါတယ် အဲ့အတွက် လည်း တောင်းပန်ပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

အခက္အခဲျဖစ္ေနတဲ့ မိသားစုတစ္ခုကို အိမ္တိုင္ရာေရာက္ လွဴတန္းေပးခဲ့တဲ့ ယုန္ေလးနဲ႔ ေစတနာရွင္တစ္ခ်ိဳ႕

လွဴလြန္းလို႔ လက္ထဲမွာေတာင္ေငြျပတ္သြားတဲ့အထိကို သဒၶါအားေကာင္းလြန္းတဲ့ ယုန္ေလးတစ္ေယာက္ ဒီတစ္ေခါက္မွာ လည္း ကိုယ္တိုင္သြားျပီး အမ်ားရဲ႕အလွဴကို အက်ိဳးေဆာင္ေပးခဲ့တဲ့ ပံုရိပ္ေလးေတြကို လူမႈကြန္ရက္မွာ ေဝမွ်ေပးခဲ့ပါတယ္။ ကိုယ္တိုင္လည္း လွဴသလို အလွဴရွင္ေတြရဲ႕ လွဴတန္းမႈကိုလည္း ကိုယ္စြမ္းနဲ႔တတ္ႏိုင္ သေလာက္ ကူညီေပးတဲ့ ယုန္ေလးရဲ႕ စိတ္ဓာတ္က ေလးစားစရာပါ။

ဒီတစ္ေခါက္မွာလည္း ကိုယ္တိုင္သြားျပီး စိတ္ခြန္အားစကားေလးေျပာရံုကလြဲျပီး မလွဴတန္းႏိုင္ေသးတာေၾကာင့္ အားလံုးကိုေတာင္းပန္စကားဆိုခဲ့ပါတယ္။ ကိုယ္တိုင္လည္း တျခားလိုအပ္တာေတြကို လွဴတန္းဖို႔ခ်ိန္ဆေနရတဲ့အခက္အခဲေလးေတြ ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကူညီေပးတာနဲ႔တင္ကို အားလံုးက ေက်းဇူးတင္ေနပါျပီ။

အားလံုးရဲ႕ အလွဴေလးကို ” ေတာင္ဒဂံု က မိသားစု ၅ေယာက္ကို ရွာေကၽြးေနတဲ့ ညီမေလး ေပါင္ေသြးခဲသြားလို႔ ၆လ နားရမယ့္ ညီမေလးစီကိုေရာက္ခဲ့ပါၿပီ အစ္မကဆံုးသြားၿပီး ကြ်န္ေတာ့္လို မိဘမဲ့အျဖစ္ ကေလး ၃ေယာက္က်န္ခဲ့တယ္ သူတို႔ ကိုေတာ့ ဘဝတူေတြ ျဖစ္ေၾကာင္းအားေပးခဲ့ပါတယ္ တစ္မိသားစုလံုး စိတ္ဓာတ္ကိုေတာ့ေလးစားပါတယ္ ဘယ္သူ႔ မွမေျပာဘူး ႀကိတ္ၿပီး ဆန္ျပဳတ္ေလးပဲေသာက္ေနတာ သတင္း Media တစ္ခုက တင္ေတာ့မွ .ကို 7 Day ဇာတ္ညြန္း နဲ႔ တစ္ျခား လူမ်ား Cb မွာလာပို႔တယ္ . ကြ်န္ေတာ္တို႔သိတယ္ လာကူျဖစ္တယ္ သတင္း Media ေတြ ကို အဲ့လိုေလးေတြ အတြက္ေတာ့ အရမ္းခ်ီးက်ဴးေလးစား ပါတယ္ တစ္ခ်ိဳ႕ ေပါက္ကရ Page ေတြလည္း အက်ိဳးရိွရိွ ရည္ရြယ္ခ်က္ေကာင္းရင္ ကြ်န္တာ္တို ႔ပိုေပ်ာ္ဖို႔ေကာင္းၿပီ အိမ္အထိ ေရာက္ေအာင္ ေသခ်ာကူညီေပးတဲ့ လႊတ္ေတာ္ အမတ္ ကိုညီကို လည္း အထူးေက်းဇူးပါ။ Veve အခ်ိဳရည္ တစ္ကဒ္နဲ ႔Alisa Maneenok Boss Koy 500000 / Ma Love Rose 100000 / Ali Sa 60000 / Dee De Poe 50000 ကြ်န္ေတာ္ကေတာ့ ခ်ိန္ၿပီးလႉေနရလို႔ ဒီအလႉမွာ လူကိုယ္တိုင္ တာဝန္ယူ သြားလႉၿပီး စိတ္ခြန္အားပဲ သြားေပးႏိုင္ပါ တယ္ အဲ့အတြက္ လည္း ေတာင္းပန္ပါတယ္ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Yone Lay