အနုပညာအမွေဆက်ခံမယ့် တပည့်ဖြစ်သူတွေက လာကန်တော့လို့ ကြည်နူးပီတိဖြစ်နေခဲ့တဲ့ ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်
Posted on
ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်ဟာဆိုရင် လက်ရှိအချိန်မှာ အသက်အရွယ်ရ ရနေပြီဖြစ်ပြီး ကိုယ့်ရဲ့ အနုပညာအမွေကို တက်သစ်စလေးတွေကို ဝေမျှတတ်တဲ့ စီနီယာကောင်း တစ်ယောက်ပါပဲ။ အနုပညာသက်တမ်းကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။
တက်သစ်စအနုပညာရှင်တိုင်းကို အခွင့်ကြုံရင်ကြုံသလို သင်ပြပေးတတ်တဲ့ သူမကိုလည်း အားလုံးကချစ်ခင်လေးစားပြီး အခုလိုသီတင်းကျွတ်အခါသမယမှာ လေးစားသမှုနဲ့ လာရောက်ကန်တော့ခဲ့ကြတာပဲဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ အနုပညာ အသီးအပွင့်လေးတွေက သူမကိုအခုလိုလာရောက် ဂါရဝပြုတာကြောင့် သူမကအတော်လေးကို ကျေနပ်နေခဲ့ပါတယ်။
သူမရဲ့ပီတိလေးကို ” ကဲ ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့် we love သဲသဲတုံ့ရှင့် ဒီနေ့ မို့ရဲ့သားတပည့် ၂ယောက်နှင့်သမီးတပည့်တယောက်လာကန်တော့ကြတယ် သားကြီးကျော်စု သူက ထာဝရမန်းတလေးမှာနေ ရာတနေရာ ပါဝင်ခဲ့ပေမဲ့ပရိသတ်အသဲစွဲခဲကြတာ ရဲဂျာနဲ့ပေါ့ [သူကစော်ကြည်] အဲ့ဒီကားတွေတုံးကမို့မသင်ရသေးပါဘူး။ Toxic ၁၈-၁၀-၂၀၁၉နေ့လာမယ်ကား ဆုံဖြစ်ပေမဲ့မသင်ဖြစ်သေးဘူး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ လကမှ စ သင်တန်းပေးဖြစ်သွားတာပါ။ အနုပညာကိုချစ်ရကောင်းမှန်းသူသိသွားတာမို့ အတော်ဝမ်းသာရပါတယ်။ ၁ လပိုင်း ဝန်းကျင်ထုတ် လွှင့်မဲ့ Room No ဇတ်လမ်းတွဲကတော့မို့သင်တန်းပေးပြီးမှရိုက်ကူးတဲ့ကားပါ။ သားတော်မောင်ကေတာ့ သူ သရုပ်ဆောင်တာအားရတာ ပြောတော့ အမေဖြစ်တဲ့မို့ပီတိဖြစ်ရတာပေါ့။ ပရိသတ်ကြီးလည်း ပီတိတွေကူးစက်အောင် Room No ဇတ်လမ်းတွဲကို ခံစား အားပေးပါနော်။ လင်းမြတ် သူကရိုးသား တယ်။သရုပ်ဆောင်တို့ရဲ့မာယာသူ့မှာမရှိဘူး ထာဝရမန်းတလေးတုံးက ချစ်သော် အနေနဲ့ သရုပ်ဆောင်မူ့နေရာတော်တော်ရခဲ့ပြီး ပရိသတ် အသိအမှတ်ပြုခံရခဲ့ပါတယ် သူလည်း Room No ဇတ်လမ်းတွဲမှာ အခန်းနည်းပေမဲ့သရုပ်ဆောင်ကွက်ကောင်းရလို့ ပျော်နေတော့မို့လည်း ပျော်ရတာပေါ့ နေခြည်ရွှန်းလက် သူလေးက အသက်သာငယ်တာ ပညာလေးကမပေါ့ဘူး မျက်လုံးမှာ အလွမ်း နုတ်ခမ်းမှာမာန ဇတ်ကားမှာကတည်းကတော်ပါတယ် မို့သင်မပေးရသေးပါဘူး။ ဖေဖေါ်ဝါရီသင်တန်းပြီးမှ သူလည်း RoomNo ဇတ်လမ်းတွဲကိုသူရိုက်ဖြစ်တာပါ။ သမီးပေါက်စလေး ကသူအခန်းနည်းတော့ အားမရဖြစ်ပြီး နောက်ကားတွေဘယ်လိုဖိုက်မယ်ဆိုပြီး မောင်းတင်တော့ လည်း မို့ကြည်နူးမူ့တခု ရ ရပြန်ပါတယ်။မို့ရဲ့သားသမီးလေးတွေကိုအနုပညာမျက်လုံးတွေနဲ့ဝေဖန် အားပေးကြပါနော် ” ဆိုပြီးရေးသားထားတာပဲဖြစ်ပါ တယ်။
Photo – Academy Moht Moht Myint Aung
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone