လိင်တူချစ်သူတစ်ယောက်ဖြစ်လာခဲ့ရတဲ့ အကြောင်းအရင်းတွေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

Posted on

လူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့အတိတ်တွေကို ” Homosexual တစ်ယောက်ဖြစ်တည်လာခြင်း ဘဝအစ (သို့) ဓါတ်ပုံတွေက ပြောသော ငယ်ဘဝ အမှတ်တရများ ငယ်ငယ်ထဲက barbie doll အရုပ်တွေဆို အရမ်းလိုချင်တာ သူများတွေလို သေနတ်တွေကားတွေ မကြိုက်ဘူး ဟောင်ကောင်မှာ တအားပူဆာလို့ မေကြီးက barbie doll အရုပ်လေးဝယ်ပေးတာ အခုထိမှတ်မိသေးတယ် လူတွေက ပြောချင်သလိုပြောပြီး ဝေဖန် နေကြသလို ပတ်ဝန်းကျင်ကြောင့် အခြောက်အပေါင်းအသင်းတွေ ကြောင့် နိုင်ငံခြားမှာနေတာ ကြောင့် gay ဖြစ်သွားတယ်တို့ ဘာတို့ ကျွန်တော့်ဘဝအကြောင်းဘာမှမသိဘဲနဲ့ ပေါင်းစုံထင်ရာ မြင်ရာ လျောက်ပြောနေတာတခုမှမဟုတ်ဘူး ငယ်ငယ်က မိန်းမ ဖြစ်ချင်တာတော့ မဟုတ်ပေ မယ့် ပင်ကိုယ်ဗီဇဆိုတာ လူတိုင်းမှာပါပြီးသားပါပဲ ကိုယ့်ကိုယ်ကိုယ် gay လား bisexual လား straight လား ဘာမှန်းသေချာမသိသေးတဲ့အရွယ်ထဲက လူ့စိတ်ဟာ စူးစမ်းတတ်တဲ့အရွယ် စိတ်ကစားတဲ့ အရွယ်ရောက်လာတဲ့ကလေးတိုင်း လက်တည့်စမ်း စူးစမ်းတတ်ကြပါတယ် ဒါကိုလဲ သားသမီးကိုချစ်သော မိဘကောင်း တွေတိုင်းဟာ ကိုယ့်သားသမီး ဘယ်လိုဖြစ်နေတယ် ဆိုတာ ပွင့်လင်းစွာသိထားသင့်တယ် ကိုယ့်သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းယူလို့ရသော်လည်း အရာရာတိုင်းတော့ ကိုယ်ဖြစ်စေချင်သလို ထပ်တူမကျနိုင်ပါဘူး. ”

” ကျောင်းတက်တဲ့အရွယ်မှာ bully အလုပ်ခံရရင်လဲ ရှေ့က ကာကွယ်ပေးနိုင်မယ် ငယ်ငယ်လေး ထဲက နွဲ့နွဲ့လေးနေတဲ့ကလေးတွေ ကျွန်တော်အပါအဝင်တစ်နိုင်ငံလုံးမှာအများကြီးရှိပါတယ်.. ကျွန်တော့်ကျောင်းသားဘဝမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် Bully အလုပ်ခံရပါတယ်.. အိမ်လဲမပြောရဲဘူး တယောက်ထဲ ကြိတ်ငိုရတယ် သိမ်ငယ်ရတယ် အမှန်အတိုင်း ပြောရရင် ကျောင်းသားတွေ bully တာအပြင် ဆရာတစ်ချို့ရဲ့ လူရှေ့သူရှေ့ အပြောခံရတာကိုလဲ အခုထိ မမေ့ပါဘူး အနန္တောအနန္တဂိုဏ်းဝင်ကိုယ့်ဆရာတွေကို မစော်ကား ပေမယ့် ဆရာတိုင်းနဲ့ ကျောင်းတိုင်းသည်လဲ ကျောင်းသားတယောက်ရဲ့ gender identity ကို လူရှေ့သူရှေ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းမျိုးကို မလုပ်သင့်ပါဘူး သူတို့ဘာသာ အခြောက်ဖြစ်ဖြစ် ဘောပြား ဖြစ်ဖြစ် သူတို့ဘဝကို ဆရာတွေက ဝင်ပြီး control လုပ်လို့မရပါဘူး.. တခြားသူ တစ်ယောက် ဘဝထဲ ဇွတ်အတင်းဝင်ပြီး စည်းကျော်သလိုပါပဲ..LGBTI တွေဟာ အစော်ကားခံ အလှောင်ခံ မဟုတ်ပါဘူး.. မြန်မာနိုင်ငံကကျောင်းတွေမှာ တရားဝင်စည်းကမ်းထုတ်ပြီး LGBTI ကျောင်းသားတွေအတွက် မှန်ကန်ဖြောင့်မတ်တဲ့ rights တွေနဲ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းမျိုးကို ကျောင်းသားတွေကော ဆရာတွေကော မပြုမူမိအောင် လုပ်သင့်ပါတယ်.. ”

” ကျောင်းသားတယောက်ကို လူရှေ့သူရှေ့ အရှက်ခွဲလိုက်တာဟာ သူတို့စိတ်ထဲ စိတ်ဒါဏ်ရာကို သေရာပါပေးလိုက်သလိုပါပဲ နာကျည်းခြင်းတွေ ရှက်ခြင်းတွေ မုန်းတီးခြင်းတွေများစွာနဲ့ ကမာရွတ် TTC မှာ ကျောင်းတက်ခဲ့ချိန် ကျွန်တော့်ရဲ့ အလှောင်ခံကျောင်းသား ဘဝကို မလွမ်းပါဘူး တချို့အတန်းဖော်ခင်ခဲ့တဲ့သူတွေနဲ့ ကိုယ့်ကို ချစ်တဲ့ ဆရာဆရာမတွေကိုပဲ ရင်ထဲရှိ တော့တယ် အတိတ်မှာ ဖြစ်ပျက် ခဲ့တဲ့ အမှန်တရားတစ်ခုကို အတိုချုံးပြောပြတာပါ မိဘတိုင်း ဟာ ကိုယ့်သားသမီး ဘဝအနာဂါတ်ကို confidence အပြည့်နဲ့ ရှေ့ဆက်ပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင်တွန်းပို့ပေးသင့်တယ်.. ကျွန်တော် ဒီမိသားစုက ပေါက်ဖွားလာရ တာ.. နားလည်မှူ အပြည့် ပေးသော အမြဲ ရှေ့ကမားမားမတ်မတ်ရပ်တည် ပေးသော မိဘတွေ ပိုင်ဆိုင်ရတာ ကျွန်တော် အရမ်းကံကောင်းပါတယ် အခုခေတ်ကြီးမှာ မျက်စိဖွင့်နားဖွင့် ပြီး brain wash လုပ်ခံထားရလို gay ဖြစ်ခြင်းဟာ ရှက်စရာလို့ ထင်တဲ့ အတွေးအခေါ်နဲ့ ကိုယ့်ရဲ့ အတ္တတွေကို ဘေးချိတ်ပြီး ကိုယ့်သားသမီးတွေရဲ့ ဘဝထဲ သူတို့ရဲ့ စိတ်ထဲ ခဏဝင်ပြီး ကိုယ်ချင်းစာ နားလည်ပေးပါ.. Gay ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ကျင့်သိက္ခာ စေတနာ ဂရုဏာ သူတပါးကို ကူညီတတ်တဲ့စိတ်နဲ့ မွန်မြတ်တဲ့စိတ်ထားရှိဖို့သာလျင် လူတယောက်ရဲ့ တန်ဖိုးပါ.. အဲ့လိုလူဖြစ်ဖို့ ကျွန်တော့်မိဘတွေကသင်ပေးခဲ့တယ်.. ဒီအတိုင်းပဲ ဘဝရှေ့ဆက်လျောက်သွားပါမယ်. ” ဆိုပြီး ငယ်ဘဝရဲ့ ပုံရိပ်လေးတွေနဲ့ ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Ye Htoo Win

(ဇော်ဂျီဖြင့်ဖတ်ရန်)

လိင္တူခ်စ္သူတစ္ေယာက္ျဖစ္လာခဲ့ရတဲ့ အေၾကာင္းအရင္းေတြကို ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

လူတိုင္းမွာအတိတ္ဆိုတာရွိပါတယ္။ ဥကၠာမင္းေမာင္ကေတာ့ သူ႔ရဲ႕အတိတ္ေတြကို ” Homosexual တစ္ေယာက္ျဖစ္တည္လာျ ခင္း ဘဝအစ (သို႔) ဓါတ္ပုံေတြက ေျပာေသာ ငယ္ဘဝ အမွတ္တရမ်ား ငယ္ငယ္ထဲက barbie doll အ႐ုပ္ေတြဆို အရမ္းလိုခ်င္တာ သူမ်ားေတြလို ေသနတ္ေတြကားေတြ မႀကိဳက္ဘူး ေဟာင္ေကာင္မွာ တအားပူဆာလို႔ ေမႀကီးက barbie doll အ႐ုပ္ေလးဝယ္ေပးတာ အခုထိမွတ္မိေသးတယ္ လူေတြက ေျပာခ်င္သလိုေျပာၿပီး ေဝဖန္ ေနၾကသလို ပတ္ဝန္းက်င္ ေၾကာင့္ အေျခာက္အေပါင္းအသင္းေတြေၾကာင့္ ႏိုင္ငံျခားမွာေနတာ ေၾကာင့္ gay ျဖစ္သြားတယ္တို႔ ဘာတို႔ ကြၽန္ေတာ့္ဘဝအေၾကာင္းဘာမွမသိဘဲနဲ႔ ေပါင္းစုံထင္ရာ ျမင္ရာ ေလ်ာက္ေျပာေနတာတခုမွမဟုတ္ဘူး ငယ္ငယ္က မိန္းမ ျဖစ္ခ်င္တာေတာ့ မဟုတ္ေပ မယ့္ ပင္ကိုယ္ဗီဇဆိုတာ လူတိုင္းမွာပါၿပီးသားပါပဲ ကိုယ့္ကိုယ္ကိုယ္ gay လား bisexual လား straight လား ဘာမွန္းေသခ်ာမသိေသးတဲ့အ႐ြယ္ထဲက လူ႔စိတ္ဟာ စူးစမ္းတတ္တဲ့အ႐ြယ္ စိတ္ကစားတဲ့ အ႐ြယ္ေရာက္လာတဲ့ကေလးတိုင္း လက္တည့္စ မ္း စူးစမ္းတတ္ၾကပါတယ္ ဒါကိုလဲ သားသမီးကိုခ်စ္ေသာ မိဘေကာင္းေတြတိုင္းဟာ ကိုယ့္သားသမီး ဘယ္လိုျဖစ္ေနတယ္ ဆိုတာ ပြင့္လင္းစြာသိထားသင့္တယ္ ကိုယ့္သားသမီးကို ကိုယ္ျဖစ္ေစခ်င္ တဲ့ အတိုင္း ပုံသြင္းယူလို႔ရေသာ္လည္း အရာရာတိုင္း ေတာ့ ကိုယ္ျဖစ္ေစခ်င္သလို ထပ္တူမက် ႏိုင္ပါဘူး. ”

” ေက်ာင္းတက္တဲ့အ႐ြယ္မွာ bully အလုပ္ခံရရင္လဲ ေရွ႕က ကာကြယ္ေပးႏိုင္မယ္ ငယ္ငယ္ေလး ထဲက ႏြဲ႕ႏြဲ႕ေလးေနတဲ့ကေလး ေတြ ကြၽန္ေတာ္အပါအဝင္တစ္ႏိုင္ငံလုံးမွာအမ်ားႀကီးရွိပါတယ္.. ကြၽန္ေတာ့္ေက်ာင္းသားဘဝမွာ အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ Bully အလုပ္ခံရပါတယ္.. အိမ္လဲမေျပာရဲဘူး တေယာက္ထဲ ႀကိတ္ငိုရတယ္ သိမ္ငယ္ရတယ္ အမွန္အတိုင္း ေျပာ ရရင္ ေက်ာင္းသားေတြ bully တာအျပင္ ဆရာတစ္ခ်ိဳ႕ရဲ႕ လူေရွ႕သူေရွ႕ အေျပာခံရတာကိုလဲ အခုထိ မေမ့ပါဘူး အနေႏၲာ အနႏၲဂိုဏ္းဝင္ကိုယ့္ဆရာေတြကို မေစာ္ကားေပမယ့္ ဆရာတိုင္းနဲ႔ ေက်ာင္းတိုင္းသည္လဲ ေက်ာင္းသားတေယာက္ရဲ႕ gender identity ကို လူေရွ႕သူေရွ႕ ေလွာင္ေျပာင္ကဲ့ရဲ႕ျခင္းမ်ိဳးကို မလုပ္သင့္ပါဘူး သူတို႔ဘာသာ အေျခာက္ျဖစ္ျဖစ္ ေဘာျပား ျဖစ္ျဖစ္ သူတို႔ဘဝကို ဆရာေတြက ဝင္ၿပီး control လုပ္လို႔မရပါဘူး.. တျခားသူ တစ္ေယာက္ ဘဝထဲ ဇြတ္အတင္းဝင္ၿပီး စည္းေက်ာ္သလိုပါပဲ..LGBTI ေတြဟာ အေစာ္ကားခံ အေလွာင္ခံ မဟုတ္ပါဘူး.. ျမန္မာႏိုင္ငံကေက်ာင္းေတြမွာ တရားဝင္စည္းကမ္း ထုတ္ၿပီး LGBTI ေက်ာင္းသားေတြအတြက္ မွန္ကန္ေျဖာင့္မတ္တဲ့ rights ေတြနဲ႔ ေလွာင္ေျပာင္ကဲ့ရဲ႕ျခင္းမ်ိဳးကို ေက်ာင္းသား ေတြေကာ ဆရာေတြေကာ မျပဳမူမိေအာင္ လုပ္သင့္ပါတယ္.. ”

” ေက်ာင္းသားတေယာက္ကို လူေရွ႕သူေရွ႕ အရွက္ခြဲလိုက္တာဟာ သူတို႔စိတ္ထဲ စိတ္ဒါဏ္ရာကို ေသရာပါေပးလိုက္သလိုပါပဲ နာက်ည္း ျခင္းေတြ ရွက္ျခင္းေတြ မုန္းတီးျခင္းေတြမ်ားစြာနဲ႔ ကမာ႐ြတ္ TTC မွာ ေက်ာင္းတက္ခဲ့ခ်ိန္ ကြၽန္ေတာ့္ရဲ႕ အေလွာင္ခံေက်ာင္းသားဘဝကို မလြမ္းပါဘူး တခ်ိဳ႕အတန္းေဖာ္ခင္ခဲ့တဲ့သူေတြနဲ႔ ကိုယ့္ကို ခ်စ္တဲ့ ဆရာဆရာမေတြကိုပဲ ရင္ထဲရွိ ေတာ့တယ္ အတိတ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အမွန္တရားတစ္ခုကို အတိုခ်ဳံးေျပာျပတာပါ မိဘတိုင္း ဟာ ကိုယ့္သားသမီး ဘဝအနာဂါတ္ကို confidence အျပည့္နဲ႔ ေရွ႕ဆက္ၿပီး ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚေရာက္ေအာင္တြန္းပို႔ေပးသင့္တယ္.. ကြၽန္ ေတာ္ ဒီမိသားစုက ေပါက္ဖြားလာရ တာ.. နားလည္မႉ အျပည့္ေပးေသာ အၿမဲ ေရွ႕ကမားမားမတ္မတ္ရပ္တည္ ေပးေသာ မိဘေတြ ပိုင္ဆိုင္ရတာ ကြၽန္ေတာ္ အရမ္းကံေကာင္းပါတယ္ အခုေခတ္ႀကီးမွာ မ်က္စိဖြင့္နားဖြင့္ ၿပီး brain wash လုပ္ခံ ထားရလို gay ျဖစ္ျခင္းဟာ ရွက္စရာလို႔ ထင္တဲ့ အေတြးအေခၚနဲ႔ ကိုယ့္ရဲ႕ အတၱေတြ ကို ေဘးခ်ိတ္ၿပီး ကိုယ့္သားသမီးေတြရဲ႕ ဘဝထဲ သူတို႔ရဲ႕ စိတ္ထဲ ခဏဝင္ၿပီး ကိုယ္ခ်င္းစာ နားလည္ေပးပါ.. Gay ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ကိုယ္က်င့္သိကၡာ ေစတနာ ဂ႐ုဏာ သူတပါးကို ကူညီတတ္တဲ့စိတ္နဲ႔ မြန္ျမတ္တဲ့စိတ္ထားရွိဖို႔သာလ်င္ လူတေယာက္ရဲ႕ တန္ဖိုးပါ.. အဲ့လိုလူျဖစ္ဖို႔ ကြၽန္ ေတာ့္မိဘေတြကသင္ေပးခဲ့တယ္.. ဒီအတိုင္းပဲ ဘဝေရွ႕ဆက္ေလ်ာက္သြားပါမယ္. ” ဆိုၿပီး ငယ္ဘဝရဲ႕ ပုံရိပ္ေလးေတြနဲ႔ ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Ye Htoo Win