အလှအပဆိုင်ရာ ခွဲစိတ်မှုတွေလုပ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကို ပြောပြလာတဲ့ ညီညီမောင်

Posted on

သူမရဲ့ဘဝအကြောင်းတွေထဲက ခွဲစိတ်မှုအကြောင်းအရာတွေကို ” လောကကြီးမှာလူရယ် လို့ဖြစ်လာပြီဆိုရင် လူမြင်သူမြင်သူမြင် သင့်တော်တဲ့ ရုပ်အဆင်းအင်္ဂါရှိရပါမယ် ကြည့်ကောင်း ရှုကောင်းမဲ့ ခန္ဓာကိုယ်လဲရှိရပါမယ် ဒါမှလည်းလူမြင်တင့်လို့ ပွဲတိုးမှာပေါ့ရှင် ကျမမှာတော့ အဲ့ ကံပါမလာပါဘူး ငယ်ဘဝက အလုပ်တွေလုပ် ပင်ပန်း အသားရေအတွက် အသုံးပြုဖို့ပြင်ဆင်ဖို့ စရိတ်ထက် ကျမ မနက်မိုးလင်းရင် ကျမမိသားစု စားဖို့ဈေးဖိုးကတော့ အရေးကြီးဆုံးပါပဲ ကျမ မလှပါဘူး အရင်ကလဲ ယခုလည်း မလှပါဘူး လှချင်လို့ ကြိုးစားနေတဲ့ အထဲတော့ပါပါတယ် ကိုယ်ပိုင်ဝင်ငွေရ ဆိုင်ဖွင်ြ့ပန်တော့လည်း နေ့မနားညမနားရူတင်တွေဆက် မင်္ဂလာပွဲတွေပြင်ရလို့ အစားမမှန် အအိပ်မမှန်ခန္ဓာကိုယ်ကစ ပုံပျက်ပြီး ရုပ်ဆိုးတဲ့လူ ပိုရုပ်ဆိုးသွားစေတာပေါ့ရှင် ဝလာပြီဆို ဂုတ်ပိုးတက် ဗိုက်ပူ မျက်နှာအစ် လာတော့တာပါပဲ ကျမလဲ လူထဲကလူပဲ လှချင်တာ ပေါ့ရှင် ဆိုင်ပိုင်လေးလဲရ လုပ်ငန်းလေး အဆင်ပြေလာတော့ လှချင်လာတယ်လေ မလှတဲ့ရုပ်ကို ဒါနဲ့ ယိုးဒယား ရန်ဟီးဆေးရုံက ခွဲစိတ်တာ အရမ်းတော်တယ်နာမည်ကြီးတော့ ချိတ်ဆက်မိပါလေရော ကံလေးတော့ ကောင်းသား မြန်မာစကားပြန် ငှားစရာမလို ဆေးရုံမှာရှိတယ်ဗျာ ကိုဝင်းကျော်သူတဲ့ အစစအရာရာ ကူညီတက်သူ သဘောလဲ ကောင်းလှပါတယ် ဒါနဲ့ ဆေးရုံ ရောက်တော့ ဘာပြင်ချင်လဲဆိုတော့ တခါမှလဲမခွဲစိတ်ဖူးတော့ နှာခေါင်း မျက်ရစ် ခွဲစိတ်ချင်ပါတယ်လို့ ပြောတော့ ဆရာဝန်ကြီးက နင်မျက်ရစ်လှပြီးသား မလိုဘူး နင်အောက်နှုတ်ခမ်း ရှေ့ထွက်နေတာပဲပြင်ချင်ပြင်လို့ရတယ်ပြောလို့ နှာခေါင်း နှုတ်ခမ်းပြင်မယ် လို့ စာရင်းပေးပြီး နောက်နေ့လာခွဲဖို့ ချိန်းလိုက်ပါတယ် ခွဲစိတ်မဲ့နေရောက်တော့ ညထဲကအစာလဲမစားထားရ ကြောက်လဲကြောက် မျိုးကိုစုံနေတာပါပဲ ရင်ထဲဖြစ်နေတာ ကိုယ်အလှည့်ရောက်တော့ လာခေါ်တော့ခွဲခန်းထဲပါသွားရော အထဲရောက် တော့ လှည်းပေါ်ပက်လက်ကလေးထားထားပြီး လိုက်ကာတွေနဲ့တန်းထားတဲ့ အခန်းမှာခဏထားထားပါတယ် နာရီဝက်လောက်ကြာမယ် ထင်တယ် ယိုးဒယားသီချင်းတွေလဲဖွင့်ထားသေး ဆိုလိုက်ရတဲ့ဘုရားစာ ကြောက်တော့လေ အချိန်နာရီဝက်လောက်နေတော့ စိတ်လဲ အေးရော လာခေါ်သွားပါလေရော ခွဲခန်းထဲရောက်တော့ ဆေးတလုံးထိုးချလိုက်တာ ရွှေတိဂုံဘုရားပေါ်ရောက်လိုက် ပန်းခြံတွေထဲ ရောက်လိုက် နှာခေါင်းထဲ အရိုးညော်နံရလိုက်နဲ့ ဘာနာကျင်မှုမှတော့မရှိပါဘူး ခွဲပြီးတော့ သတိရတော့ မျက်နှာတခုလုံးရေခဲအိတ် တွေနဲ့အုပ်ထားပြီ နာရီဝက်လောက်နေတော့ ပြန်လို့ရပြီဆို ပြန်ခိုင်းပါ တယ် ပြန်တဲ့ထိလဲမနာကျင်ဘာမှမခံစားရပါဘူး ”

 

 

” အဲ့ညပေးတဲ့ဆေးသောက်အိပ်ပေါ့ နောက်နေ့လည်းကျရော ယောင်ပါပြီ နှာခေါင်းက ဆင်နှာမောင်းလားကျနေတာပဲ ပါးစပ်ကလည်း ခွဲထားတော့ အစားစားရင်မညီ အရည်တွေကျ တော်တော်လေးအဆင်မပြေသလိုခံစားရပြီး ခွဲမိတာမှားပြီလားအတွေးနဲ့နေ့တိုင်း ဘယ်သူမှ မပြောရဲ ကျိတ်ငိုခဲ့ရပါတယ် လှချင်လို့ပါးဆောင်တိုက် ရေစီးကမ်းပြိုလိုက်ပြီဆိုပြီး ရူးချင်ခဲ့ပါတယ် ယောင်တာတော င်နှာခေါင်းနှုတ်ခမ်း ပြိုင်ယောင်တာ ၂လကျော် ၃လ ထိကိုယောင်တာပါ သုံးလကျော်မှ ပုံကျလာတာ နှာခေါင်းက သုံးမျိုးပြင်ထားတာပါ ဘေးပွနေတဲ့ အသားနှစ်ဖက် လှီးထုပ်ပါတယ် နှာရိုးပေါ်အောင်ကျောက်စက်တိုက်ပြင်ပါတယ် ဆီလီကွန်ရိုးထည့်ထားပါတယ် နှုတ်ခမ်းက တော့အောက်နှုတ်ခမ်းအတွင်းသားဖြတ် အထဲသွင်း အပေါ်နှုတ်ခမ်း ဖေလာထိုး ပြုပြင်ထားတာပါ ပြုပြင်မှူလေးပုံပေါ် ကြည့်ကောင်းလာ တော့ ရောဂါထပြန်ရော ထပ်ပြင်ချင် တာ ဒါနဲ့ ရင်သား ဆီလီကွန်ထည့်မယ်ပေါ့ရှင် ဘန်ကောက် ရန်ဟီးဆေးရုံသွားပြန်ရော ကိုဝင်းကျော်သူပဲအစစအရာအရာချိတ်ပေးထားလို့ဒီတခါပိုအဆင်ပြေနေရော ခွဲစိတ်ဆရာဝန် ကြီး အကြီးဆုံးဆီမှာ ပုံစံပြ ပုံချတော့ အဲချိန်ကပေါင်ချိန်၂၂၀ ခန္ဓာကိုယ်နဲ့လိုက်အောင် 500cc ထည့်ရမယ်ပြောပါတယ် အာနဲ့ သုလည်းပြကြည့်ပါလား ကြည့်ချင်လို့ပါဆိုတာ ယူလာလို့ ကြည့်လိုက်တာအားလား မုန်ဟင်းခါးစား ပုဂံမောက်ထားတာလောက်ရှိမယ် အာ့နဲ့ အရမ်းကြီး တယ် လျော့လို့ရလားဆိုတော့ 450cc တော့ထည့်ပါလှစေရမယ် အာမခံပါတယ်ဆိုလို့ ထည့်ဖြစ် ခဲ့ပါတယ် ခွဲခန်းဝင်တော့ အော်ပရေးရှင်းကကြီးလို့ သွေးစစ်အားလုံး အဆင်ပြေတော့ စခွဲပါ တယ် ခွဲခန်းရောက်တော့ ထရစ်ထဲ ဆေးတလုံးထိုးချလိုက်တာ ဘာမှန်းမသိတော့ပါဘူး နိုးလာတော့ ရင်ဘတ် ရင်စည်းနဲ့ ချိုင်းတဖက်စီမှာ ပလာစတာ တခုစီကပ်လို ဆေးရုံမှာတစ်ညအိပ်ရပါတယ် ဘုရားစူး ဘာနာကျင်မှုမှမရှိတာ မနက်လည်း နိုးရော ဆရာဝန်က နင်ကြည့်ရတာ ဘာမှ မဖြစ်ဖူးလား မနာဘူးလားတဲ့ ချိုင်းကခွဲထည့်ရင် နာလို့မထနိုင်ကျတာများပါတယ် ကျမက တော့ ဘာမှမဖြစ်လို့ အဲ့နေ့မနက်ပဲဆေးရုံကသောက်ဆေးယူပြီး တပတ်နေပြန်လာပတ်တီးဖြေ ချိန်းလိုက်ပါတယ် ”

 

 

” ရင်ဘတ်ကလည်းစည်းပေးထားတာ ပြားချပ်နေတာပဲအဲ့နေကစတန်အောင် ဘန်ကောက်တခွင် ပြဲပြဲစင်နေ့တိုင်းထွက်ပါတယ် ဆေးရုံကပေးတဲ့ဆေးပဲသောက်တာ ဘာမှကိုမဖြစ်တာပါ တစ်ပတ်နေဆးရုံပြတော့ ပတ်တီးဖြည်ရမယ်ပေါ့ ကိုယ်ထင်တာ ချိုင်းကခွဲ ဒီ ဆီလီကွန်ကြီး ထည့်ထားတာ အရမ်းကြီးမလားပေါ့ခွဲရာက နတ်စ် က ချိုင်းမြှောက်ခိုင်းပြီး ပလာစတာခွာလိုက်တာ လက်တဆစ်တောင် မရှိဘူးခွဲကြောင်းက သေးသေးလေးပါ ရင်စည်းလဲ ကတ်ကြေးနဲ့ ထိုးချ လိုက်ရော ဘုရားတောင်တရပါတယ် ယောင်တာရော ဆီလီကွန် ရော ဖိထားတဲ့ အရှိန်ရော ကန်တက်လာတာ ကျမခေါင်းလောက်ရှိပါတယ် ရင်သားတဖက်ကို ခွဲစိတ်ပြီး၂လကျော် ၃လမှ ပုံကျလာတာပါ အစစအရာရာ ကူညီတဲ့ ကိုဝင်းကျော်သူလည်း ကျေးဇူးပါ ယနေ့ထိလဲ သုရဲ့ ခွဲစိတ်မှုပေါင်းများစွာ အကိုပဲတာဝန်ယူပေးခဲ့တာပါ ကျေးဇူးပါ ကိုဝင်းကျော်သူ ထုံးစံအတိုင်း လူတွေပေါ့ရှင် ခွဲစိတ်နေမယ်အစားလှုပါလား လှလာတာလဲမဟုတ်ပဲ အာမနာပပြောကျပြီလေ ကျမပြောချင်တာကလှုတာကလည်းလှုပါတယ် ကိုယ်ရှာထားတဲ့ပိုက်ဆံကို စိတ်တိုင်းကျ သုံးခွင့် တော့ရှိရမှာပေါ့လေ ကျမ မလှပါဘူး အရမ်းလှချင်ပါတယ် မသေမချင်း လှဖို့အတွက် လိုအပ်ရင် ခွဲစိတ်နေအုန်းမှာပါ တခုတော့ရှိတယ် မေ့ဆေး ခဏခဏ ပေးလို့လားမသိဘူး ခဏခဏမေ့တက်ပါတယ် ဒါပေမဲ့ ကျမ မမေ့ချင်တဲ့အရာဆိုရင်တော့ မမေ့ပါဘူး ကျမ လူလည် တယောက်ပါ ခွဲစိတ်ပြုပြင်တာရှက်စရာ မဟုတ်ပါ ကိုယ်ခွဲစိတ်ပြုပြင်မယ့် ငွေကသာ သမ္မာအာဇီဝနဲ့ ရှာထားတဲ့ငွေဖြစ်ဖို့လိုပါတယ် ချစ်ခြင်းများစွာ ဖြင့် သုသု ” ဆိုပြီး ညီညီမောင်က ပြောပြခဲ့ပါတယ်။

 

 

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)



” အဲ့ညပေးတဲ့ဆေးသောက်အိပ်ပေါ့ နောက်နေ့လည်းကျရော ယောင်ပါပြီ နှာခေါင်းက ဆင်နှာမောင်းလားကျနေတာ ပဲ ပါးစပ်ကလည်း ခွဲထားတော့ အစားစားရင်မညီ အရည်တွေကျ တော်တော်လေးအဆင်မပြေသလိုခံစားရပြီး ခွဲမိတာမှားပြီ လားအတွေးနဲ့နေ့တိုင်း ဘယ်သူမှ မပြောရဲ ကျိတ်ငိုခဲ့ရပါတယ် လှချင်လို့ပါးဆောင်တိုက် ရေစီးကမ်းပြိုလိုက်ပြီဆိုပြီး ရူးချင်ခဲ့ပါ တယ် ယောင်တာတောင်နှာခေါင်းနှုတ်ခမ်း ပြိုင်ယောင်တာ ၂လကျော် ၃လ ထိကိုယောင်တာပါ သုံးလကျော်မှ ပုံကျလာတာ နှာခေါင်းက သုံးမျိုးပြင်ထားတာပါ ဘေးပွနေတဲ့ အသားနှစ်ဖက် လှီးထုပ်ပါတယ် နှာရိုးပေါ်အောင်ကျောက်စက်တိုက်ပြင်ပါတယ် ဆီလီကွန်ရိုးထည့်ထားပါတယ် နှုတ်ခမ်းကတော့အောက်နှုတ်ခမ်းအတွင်းသားဖြတ် အထဲသွင်း အပေါ်နှုတ်ခမ်း ဖေလာထိုး ပြုပြင်ထားတာပါ ပြုပြင်မှူလေးပုံပေါ် ကြည့်ကောင်းလာတော့ ရောဂါထပြန်ရော ထပ်ပြင်ချင် တာ ဒါနဲ့ ရင်သား ဆီလီကွန်ထည့်မယ်ပေါ့ရှင် ဘန်ကောက် ရန်ဟီးဆေးရုံသွားပြန်ရော ကိုဝင်းကျော်သူပဲအစစအရာအရာချိတ်ပေးထားလို့ ဒီတခါပိုအဆင်ပြေနေရော ခွဲစိတ်ဆရာဝန် ကြီး အကြီးဆုံးဆီမှာ ပုံစံပြ ပုံချတော့ အဲချိန်ကပေါင်ချိန်၂၂၀ ခန္ဓာကိုယ်နဲ့လိုက်အောင် 500cc ထည့်ရမယ်ပြောပါတယ် အာနဲ့ သုလည်းပြကြည့်ပါလား ကြည့်ချင်လို့ပါဆိုတာ ယူလာလို့ ကြည့်လိုက်တာအားလား မုန်ဟင်းခါးစား ပုဂံမောက်ထားတာလောက်ရှိမယ် အာ့နဲ့ အရမ်းကြီး တယ် လျော့လို့ရလားဆိုတော့ 450cc တော့ထည့်ပါလှစေ ရမယ် အာမခံပါတယ်ဆိုလို့ ထည့်ဖြစ် ခဲ့ပါတယ် ခွဲခန်းဝင်တော့ အော်ပရေးရှင်းကကြီးလို့ သွေးစစ်အားလုံး အဆင်ပြေေ တာ့ စခွဲပါ တယ် ခွဲခန်းရောက်တော့ ထရစ်ထဲ ဆေးတလုံးထိုးချလိုက်တာ ဘာမှန်းမသိတော့ပါဘူး နိုးလာ တော့ ရင်ဘတ်ရင်စည်း နဲ့ ချိုင်းတဖက်စီမှာ ပလာစတာ တခုစီကပ်လို ဆေးရုံမှာတစ်ညအိပ်ရပါ တယ် ဘုရားစူး ဘာနာကျင်မှုမှမရှိတာ မနက်လည်းနိုးရော ဆရာဝန်က နင်ကြည့်ရတာ ဘာမှ မဖြစ်ဖူးလား မနာဘူးလားတဲ့ ချိုင်းကခွဲထည့်ရင် နာလို့မထနိုင်ကျတာများပါတယ် ကျမကတော့ ဘာမှမဖြစ်လို့ အဲ့နေ့မနက်ပဲဆေးရုံကသောက်ဆေးယူပြီး တပတ်နေပြန်လာပတ်တီးဖြေ ချိန်းလိုက်ပါတယ် ”


Happy – Cele Zone
Photo – Nyi Nyi Maung