{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588924408481","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588924378963","source":"other","origin":"unknown"}

ငွေသား(၅) သိန်းအပြင် ဟန်းဂျယ်နဲ့ နှာခေါင်းစည်းများ ဝေဘာဂီဆေးရုံကို လှူဒါန်းခဲ့တဲ့ မိုးစက်ဝိုင်

Posted on

ချစ်ပရိသတ်ကြီးရေ မော်ဒယ်မင်းသမီးချောလေး မိုးစက်ဝိုင်ဆို ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ဂျပန်မလေးလားထင်မှားရလောက်အောင် ချစ်စရာကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲနေရသူလေးလည်းဖြစ်ပါတယ်။သူမဟာဖက်ရှင်လန်းလန်းတွေ ဝတ်ဆင်ကာ အမြဲကျော့ရှင်းလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံလှပနေသူလေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်အများစု အားကျချစ်ခင်နေရသူလည်းဖြစ်ပါတယ်။

သူမကတော့ အနုပညာလုပ်ငန်းတွေ အပြင် ပရဟိတတွေလည်း ကိုယ်တိုင်မကြာခဏလုပ်ကိုင်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ဝေဘာဂီဆေးရုံအတွက် ငွေကျပ် ငါးသိန်းအပြင် လိုအပ်တဲ့ ဟန်းဂျယ်နဲ့ နှာခေါင်းစည်းတို့ကို သွားရောက်လှူဒါန်းခဲ့ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေနည်းပါးနေပေမဲ့လည်း သူမလတ်တလောလူပ်ရှားမှုများကို သူမရဲ့ဖေ့ဘွတ် စာမျက်နှာပေါ်တွင်ပရိသတ်များတွက် ဖော်ပြပေးလေ့ရှိကြောင်းတွေ့ရပါတယ်။

Alexus – Cele Zone

Photo – Moeset Wine

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Moeset Wine