{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588920339463","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588920324441","source":"other","origin":"unknown"}

သားလေးနဲ့ တစ်ပုံစံထဲတူတဲ့ သူမငယ်ငယ်က ပုံလေးတွေထုတ်ပြလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ တေးသီချင်းတွေလည်းသီဆိုခဲ့တဲ့ နန်းမြတ်က အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျပြီး သားလေးမွေးဖွားထားတာကြောင့် အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

နန်းမြတ်က တစ်ဦးတည်းသောသားလေးဖြစ်တဲ့ Jack Jack လေးကို ပြုစုစောင့်ရှောက်ရင်း သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ Jack Jack လေးက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ သားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကို မကြာခဏဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

လတ်တလောမှာတော့ သူမငယ်ငယ်ကပုံလေးတွေနဲ့ တစ်ပုံစံထဲတူတဲ့ သားလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုနိုင်စေရန်မျှဝေထားတာတွေ့ရပါတယ်။ပုံလေးတွေထဲမှာ သားအမိနှစ်ယောက်လုံး တစ်ပုံစံထဲတူပြီး အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတွက် နန်းမြတ်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nang Myat Phyo Thin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone
