အရေးပေါ်လိုအပ်နေတဲ့ဆေးရုံအတွက် သိန်း (၁၃၀) တန်ဖိုးရှိတဲ့ အသက်ရှုစက်လှူတန်းခဲ့တဲ့ စမိုင်းလ်
Posted on
လိုအပ်တဲ့နေရာတိုင်းလိုလို ကူညီတတ်တဲ့စမိုင်းလ်တစ်ယောက် ဆေးရုံတိုင်းအတွက် အရေးတကြီးလိုအပ်တဲ့ အသက်ရှုစက်ကို လှူတန်းခဲ့ပါတယ်။ လတ်တလောမှာတော့ ဘယ်ဆေးရုံကလိုအပ်တယ်ဆိုတာကိုကြည့်ပြီး We Love Yangon အဖွဲ့နဲ့ချိတ်ဆက်ပြီး လှူတန်း သွားမယ့်အကြောင်းကို သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။
ဘုရားတရားလည်းကိုင်းရှိုင်းတတ်ပြီး ကိုယ့်အနီးအနားကလူတွေကိုလည်း ဘုရားတရားလုပ်ဖို့ တိုက်တွန်းပြီး ပံ့ပိုးပေးတတ်ပါသေး တယ်။ အလှူအတန်းဆိုလည်းလက်မနှေးဘဲ ကူညီတတ်တဲ့ စိတ်ထားဖြူစင်သူတစ်ယောက်ပါ။ ဒီနေ့မှာလည်း တန်ဖိုးကြီးအသက်ရှုစက် တစ်လုံးကို လှူတန်းခဲ့ပါသေးတယ်။
သူမရဲ့ အလှူလေးကို ” အသက်ရှူစက် ventilator စက်အလှူ အခုဖြစ်ပေါ်နေတဲ့ Covid19 ရောဂါဟာ အသက်ရူ လမ်းကြောင်းပိတ်ပြီး အောက်စီဂျင်မရတဲ့အခါမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာတာပါ။ အရေးပေါ်အသက်ကယ်နိုင်ဖို့အတွက် $၉၅၀၀ တန် ( သိန်း ၁၃၀ တန်ဖိုး ရှိ ) emergency ventilator စက်ကို ဒီနေ့ We Love Yangon အဖွဲ့မှတဆင့် အရေးကြီးလိုအပ် နေသော ဆေးရုံသို့ လှူဒါန်းပေးသွား မှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများ ကပ်ဘေးရန်မှ အမြန်ဆုံးကင်းလွတ်ကြပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Smile
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Smile