မေလ (၁၀) ရက်နေ့မှာ ပရိသတ်ရှေ့ကိုရောက်လာတော့မယ့် လွှမ်းပိုင်ရဲ့ နွေအလွမ်း ဆိုတဲ့သီချင်းသစ်လေး

Posted on

Cele Zone ပရိသတ်ကြီးရေ နှုတ်မဆက်ချင်ဘူး သီချင်းနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီး ဟစ်ဟော့လောကမှာ ပရိသတ်တွေဝန်းရံမှုများတဲ့ ရပ်ပါ အဆိုတော်တစ်ယောက်ကတော့လွှမ်းပိုင်ပါ ။ သူ့ရဲ့သီချင်းတွေဟာ သူများနဲ့မတူ တမူထူးခြားပြီး ဇာတ်လမ်းဆန်ဆန် ရေးသားတတ်တဲ့သူဖြစ်လို့ ပရိသတ်တွေရဲ့ ခံစားချက်နဲ့အမြဲထပ်တူကျတဲ့ သီချင်းကောင်းတွေ ဖြစ်ခဲ့တာပါ ။

မေလ (၁၀) ရက်နေ့မှာ လွှမ်းပိုင်ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ ခံစားနားဆင်ရတော့မှာဖြစ်ပါတယ် ။ သီချင်းနာမည် ကတော့ ” နွေအလွမ်း” လို့ အမည်ရပြီး လွှမ်းပိုင် ၊ Lil Chan နဲ့ ယောမင်းဦး တို့သုံးဦးက ရေးသားသီဆိုထားကြတာဖြစ်ပါတယ် ။ လွှမ်းပိုင်ထွက်ရှိ ခဲ့ပြီးဖြစ်တဲ့ အလွမ်းသီချင်းအေးအေးလေးတွေက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သလို နွေအလွမ်းဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေ အကြိုက်တွေ့မယ်ထင်ပါတယ် ။

လွှမ်းပိုင်ရဲ့ အမာခံပရိသတ်တွေကတော့ သူ့ရဲ့ သီချင်းသစ်လေးကို စောင့်မျှော်နေကြပြီဖြစ်ပြီး ဒီသီချင်းအသစ်လေးနဲ့ ပရိသတ်တွေ ကို ဘယ်လိုရသတွေ ပေးစွမ်းဦးမလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲနော် ။ မေလ (၁၀) ရက်နေ့မှာ နွေအလွမ်း သီချင်းကို Cele Zone ပရိသတ်ကြီးအတွက် မျှဝေပေးဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော် ။

Source : Hlwan Paing
emily (Cele Zone)