ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ သူတစ်ယောက်အကြောင်းကို ပြောပြလာတဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံကတော့သရုပ်ဆောင်မော်ဒယ်မင်းသမီးချောလေးတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ် ။ (၂၀၁၈) ခုနှစ် အကယ်ဒမီပေးပွဲမှာအနုပညာရှင်တွေရဲ့ သားသမီးတွေနဲ့အတူ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်တွေပိုပြီး သတိထားမိပြီး အားပေးဝန်းရံသူတွေများပြားလာခဲ့တာပဲဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ဆောင်းယွန်းစံက သူမဘဝမှာ မေ့မရခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဒီနေ့လေးကတော့ ပရိသတ်တွေအားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင်မေ့မရနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိုသားကြီးခေါ် ဒွေးရဲ့ (၅၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး ဆောင်းယွန်းစံက ” ဒီနေ့က အရမ်းအားကျ အရမ်းကြိုက်တဲ့ ခုချိန်ထိလည်း အရမ်းသဘောကျနေရတဲ့ ဒွေးကိုသားကြီးရဲ့ မွေးနေ့ပါ သူမရှိတော့ပေမယ့် သူ့ရဲ့ အနုပညာက ရှင်သန်နေဆဲပါ ဘယ်တော့မှ မမေ့ပါဘူး ” ဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးမှာရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

 

 

ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ဆောင်းယွန်းစံနဲ့ထပ်တူ ထပ်မျှ ခံစားရမယ်လို့ထင်ပါတယ် ။ ကိုသားကြီးဟာ လူသေသွားပေမယ့် နာမည်ဘယ်တော့မှ မသေမယ့် တကယ့် သရုပ်ဆောင်ကောင်းတစ်ယောက် အဖြစ် ပရိသတ်တွေအားလုံးရဲ့ ရင်ထဲမှာ နှစ်ပေါင်းများစွာ နေရာယူထားဦးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် ပရိသတ်ကြီးရေ ..။

Source : Saung Yoon San
Emily (Cele Zone )

error: Content is protected !!