မနက်စောစော Iphone 11လက်ဆောင်ရလိုက်လို့ အံ့သြပျော်ရွှင်နေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်

Posted on

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး ခေးဆက်သွင်ကတော့ အနုပညာလောကမှာ တက်သစ်စမင်းသမီးလေးတစ်ဦးအဖြစ်ကနေ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို မနှောင့်မနှေးပဲ ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ရှက်ပြာရှက်ပြာပုံစံလေးတွေနဲ့ အရမ်းလိုက်တဲ့ မင်းသမီးချောလေး ခေးဆက်သွင်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိပါတယ်။

အပြင်မှာတော့ အနေအေးပြီး ချစ်စရာကောင်းတဲ့ ခေးဆက်သွင်က လက်တလောမှာဆိုရင်နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲထဲမှာ နှင်းဆီဆိုတဲ့ ဇာတ်ကောင် နေရာမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အထူးရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်သလို ပရိသတ်တွေကိုလည်း တန်ဖိုးထားပြီး ချစ်တတ်သူလေးမို့ အနုပညာအလုပ်တွေကို ခပ်သွက်သွက်နဲ့ ပရိသတ်တွေအတွက် ကြိုးစားလုပ်ကိုင်နေတာကိုလည်းမြင်ရမှာပါ။

 

အချိန်ခဏလေးအတွင်းမှာ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်က သာယာတဲ့ မနက်ခင်းလေးမှာ Iphone 11လက်ဆောင်ရခဲ့လို့ ပျော်ရွှင်နေတာပါ။ သူမကို ချစ်တဲ့ သူတွေပေးတဲ့ လက်ဆောင်လေးမို့ အရမ်းကို အံ့သြပြီး ပျော်နေတဲ့ ခေးဆက်သွင်က “အိုးးး ခိုင်မော့ ဒီတခါ supriseကြီးက‌တော့ အရမ်းအရမ်းပါ”ဆိုပြီး အရမ်းကိုပျော်နေတဲ့ ခေးဆက်သွင်လေးရဲ့ အပျော်တွေကိုထပ်တူခံစားနိုင်ဖို့အတွက် ပရိသတ်တွေကို တင်ပေးလိုက်ပါတယ်။

 

Source:Khay Sett Twin

NORA:CeleZone

(Zawgyiဖြင့်ဖတ်ရန်)



