ချစ်ပေမယ့် ထုတ်မပြောဖြစ်ခဲ့ကြဘူးဆိုတဲ့ သီဟအောင် နဲ့ ချယ်ရီသင်း

Posted on

Cele Zone ပရိသတ်ကြီးရေ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့တဲ့ သီဟအောင်လေးကတော့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုတ်ဝန်းရံနေကြတဲ့ အနုပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ပြီလို့ဆိုရမှာပါ ။ မကြာသေးမီကမှ တေးသံရှင် ချယ်ရီသင်းရဲ့ သတိထားဆိုတဲ့ MTV လေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။

လတ်တလောမှာတော့ သီဟအောင်တစ်ယောက် မိန်းကလေး ပရိသတ်တွေကို အသည်းခွဲမယ့် ပို့စ်လေးတစ်ခုကို ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ တင်ခဲ့တာဖြစ်ပါတယ် ။ ချစ်တော့ချစ်ခဲ့ပါတယ် ဒါပေမယ့်ထုတ်မပြောဖြစ်ခဲ့ကြဘူး ဆိုတဲ့ စာသားလေးနဲ့အတူ တေးသံရှင်ချယ်ရီသင်း နဲ့ သူ့ရဲ့ အရိုတလိုင်းပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ တေးသံရှင် ချယ်ရီသင်း ကလည်း ” မောင်မဟုတ်တဲ့တခြားတစ်ယောက်နဲ့မအိုမင်းချင်ဘူးမောင်နဲ့လည်းမအိုမင်းချင်ဘူး အို အိုကိုမအိုချင်တာပါ ” ဆိုတဲ့ မှတ်ချက်လေးကိုရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကတော့ ချယ်ရီသင်းနဲ့ သီဟအောင်တို့ချစ်သူရည်းစားတွေဖြစ်နေကြပြီလား ၊ ဘယ်လိုပတ်သက်မှု တွေလည်း စသဖြင့်မေးမြန်းလာကြပေမယ့် သီဟအောင်ကတော့ Just Kidding စနေကြတာပါ လို့ ပြန်လည် မှတ်ချက်ပေးထားတာလည်းတွေ့မြင်ရပါတယ် ။ အချင်းချင်းစနောက်နေကြတာမို့ သီဟအောင်ရဲ့ ပရိသတ်တွေလည်း စိတ်မပူကြပါနဲ့တော့နော် ။

Source : Thiha Aung
Emily (Cele Zone )