မွေးနေ့မှာ Live လွှင့်ပြီး ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ အူဝဲတူမလေး မေတိုးခိုင်

Posted on

အမေတူသမီးဆိုတာကိုပဲတော်တော်များများကြားဖူးကြပေမယ့် မေတိုးခိုင်ကတော့ အဒေါ် (အူဝဲ) နဲ့ တူတဲ့သူလေးပါ။ အူဝဲနဲ့တူလွန်းလို့ ပရိသတ်တွေကစတင်သတိထားမိလာရာကစပြီး အဒေါ်ခြေရာနင်းဖို့အတွက် အနုပညာအလုပ်တွေ စလုပ်နေခဲ့ပါတယ်။ ကြော်ငြာလေး တွေလည်း ရိုက်ကူးသလို ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး အဒေါ်ဖြစ်သူ အူဝဲတို့နဲ့အတူ ” ရူးအောင်ချစ်ရသူ ” ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

ဝါရင့်တွေနဲ့သရုပ်ဆောင်ရပေမယ့် ဖူးဖူးရဲ့အိုက်တင်တွေဟာလည်း အရမ်းကိုမိုက်လွန်းနေပြီး ကြည့်ရတဲ့ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ လည်း ပရိသတ်တွေသဘောကျတဲ့ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကိုဖမ်းစားနိုင်ခဲ့သူလေးဟာ အားလုံးရှေ့မှာပဲ တဖြည်းဖြည်းနဲ့ အရွယ်ရောက်ပြီး ပိုလှလာခဲ့ပါတယ်။

အိမ်ထဲမှာနေရတဲ့ကာလတွေမှာမှ မွေးနေ့ကျရောက်တာဆိုတော့ Live လွှင့်ပြီး ပရိသတ်တွေရဲ့ စကားပြောခဲ့ပါသေးတယ်။ Happy Birthday ပါ ဖူးလေးရေ။ ဒီထက်မကအောင်မြင်ပြီး နိုင်ငံကျော်အနုပညာရှင်တစ်ယောက်အဖြစ် အကယ်ဒမီဆုကြီးကိုပါ သိမ်းပိုက်နိုင် ပါစေနော်။

Happy – Cele Zone
Photo – May Toe Khine

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေမြးေန႔မွာ Live လႊင့္ျပီး ပရိသတ္ေတြနဲ႔အတူ ေပ်ာ္ရႊင္ခဲ့တဲ့ အူဝဲတူမေလး ေမတိုးခိုင္

အေမတူသမီးဆိုတာကိုပဲေတာ္ေတာ္မ်ားမ်ားၾကားဖူးၾကေပမယ့္ ေမတိုးခိုင္ကေတာ့ အေဒၚ (အူဝဲ) နဲ႔ တူတဲ့သူေလးပါ။ အူဝဲနဲ႔တူလြန္းလို႔ ပရိသတ္ေတြကစတင္သတိထားမိလာရာကစျပီး အေဒၚေျခရာနင္းဖို႔အတြက္ အႏုပညာအလုပ္ေတြ စလုပ္ေနခဲ့ပါတယ္။ ေၾကာ္ျငာေလးေတြလည္း ရိုက္ကူးသလို ဝါရင့္သရုပ္ေဆာင္ေတြျဖစ္တဲ့ ေနတိုး အေဒၚျဖစ္သူ အူဝဲတို႔နဲ႔အတူ ” ရူးေအာင္ခ်စ္ရသူ ” ဇာတ္ကားကိုလည္း ရိုက္ကူးခဲ့ပါေသးတယ္။

ဝါရင့္ေတြနဲ႔သရုပ္ေဆာင္ရေပမယ့္ ဖူးဖူးရဲ႕အိုက္တင္ေတြဟာလည္း အရမ္းကိုမိုက္လြန္းေနျပီး ၾကည့္ရတဲ့ပရိသတ္ေတြရဲ႕ အာရံုကို အျပည့္အဝဖမ္းစားႏိုင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းေလးဟာ လည္း ပရိသတ္ေတြသေဘာက်တဲ့ဇာတ္လမ္းေလးတစ္ခုလည္း ျဖစ္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ အျပံုးေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ကိုဖမ္းစားႏိုင္ခဲ့သူေလးဟာ အားလံုးေရွ႕မွာပဲ တျဖည္းျဖည္းနဲ႔ အရြယ္ေရာက္ျပီး ပိုလွလာခဲ့ပါတယ္။

အိမ္ထဲမွာေနရတဲ့ကာလေတြမွာမွ ေမြးေန႔က်ေရာက္တာဆိုေတာ့ Live လႊင့္ျပီး ပရိသတ္ေတြရဲ႕ စကားေျပာခဲ့ပါေသး တယ္။ Happy Birthday ပါ ဖူးေလးေရ။ ဒီထက္မကေအာင္ျမင္ျပီး ႏိုင္ငံေက်ာ္အႏုပညာရွင္တစ္ေယာက္အျဖစ္ အကယ္ဒမီဆုၾကီးကို ပါ သိမ္းပိုက္ႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – May Toe Khine