ထိပ်ထိပ်လေးလုပ်ပေးလို့ Facebook က တရားဝင်အသိအမှတ်ပြု Blue Mark လေးရသွားပြီဖြစ်တဲ့ ခိုင်သင်းကြည်

အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်ကြာလုပ်ကိုင်အောင်မြင်ခဲ့တဲ့ မခိုင်လေးတစ်ယောက် ဒီနေ့မှာပဲ Facebook က တရားဝင် အသိအမှတ်ပြုတဲ့ ဆယ်လီတစ်ယောက်ဖြစ်ကြောင်း Blue Mark လေး ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီလိုရအောင် သမီးလေးကလုပ်ပေး တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ်ထိပ်လေးကတော့ တကယ်ကိုထူးချွန်တဲ့သမီးလေးပါပဲ။

မိခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်ဖို့အတွက် ထိပ်လေးက ကြိုးစားနေတာဖြစ်ပြီး ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးခဲ့ပါသေးတယ်။ အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် ပါဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေကိုတော့ မခိုင်လေးကို ရိုက်ခွင့်မပြုသေးပါဘူး။ မိခင်နဲ့လည်း အင်္ကျီဆင်တူလေးတွေမကြာခဏဆိုသလို ဝတ်တတ်ပါသေးတယ်။

ထူးချွန်တဲ့သမီးလေးနဲ့ ချစ်စရာကောင်းတဲ့မေမေကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြ ပါတယ်။ Blue Mark ရသွားတဲ့ အကြောင်းကို ” blue mark လေးရပါပီ, သမီးထိပ်လေးလုပ်ပေး တာပါ link ပို့ပေးတဲ့ညီမလည်းကျေးဇူးပါ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khine Thin Kyi