သမီးလေးနှစ်ယောက်ကို လိမ္မာရေးခြားရှိအောင်အပြင် ဘုရားတရားကိုင်းရှိုင်းတတ်အောင်ပါ သင်ပေးတယ်ဆိုတဲ့ စမိုင်းလ်

Posted on

ကိုယ်တိုင်လည်းဘုရားတရားကိုင်းရှိုင်းသလို ကိုယ့်အနီးအနားပတ်ဝန်းကျင်ကိုလည်း ကုသိုလ်တွေဖြန့်ဝေပေးတတ်တဲ့စမိုင်းလ် တစ်ယောက် သမီးလေးနှစ်ယောက်ကိုလည်း ဘာသာတရားကိုင်းရှိုင်းတတ်အောင် အမြဲတမ်းသင်ပြပေးတဲ့ မိခင်ကောင်းတစ်ဦးပါ။ မိဘဆိုတာ သားသမီးတွေရဲ့လက်ဦးဆရာပဲမို့ ကိုယ့်သားသမီးတွေကို ကောင်းမွေတွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်။

စမိုင်းလ်ကတော့ နိုင်ငံခြားမှာကျောင်းတက်လာတဲ့သမီးလေးနှစ်ယောက်ကို မြန်မာစာ အရေး အဖတ် အပြောကို သေချာသင်ပေးပြီး ဗုဒ္ဓဘာသာကိုလည်း ထဲထဲဝင်ဝင်နားလည်အောင် ရှင်းပြတတ်တဲ့ မိခင်ကောင်းတစ်ဦးပါ။ နားလည်ရုံသာမက ရင်ထဲကနေ ကြည်ညိုသဒ္ဓါပွားပြီး ကိုးကွယ်တတ်လာအောင်ပါ လမ်းညွှန်တတ်ပါသေးတယ်။

မနေ့ကလပြည့်နေ့လေးမှာတော့ သမီးတွေရဲ့ပုံရိပ်လေးကို ” လက်ဦးဆရာမည်ထိုက်စွာ ပုပ္ပာစရိယမိနဲ့ဖတဲ့ သမီးတွေလိမ္မာရေးခြားရှိယုံ တင်မဟုတ် ဘာသာရေးပါစိတ်ဝင်စားအောင် သင်ပေး ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ (၉) ပါးသီလတစ်အိမ်လုံးစောင့်တည်။ အရဟံသိန္ဓိဘဂဝါ အောင် (၁၀) ပတ် အရဟံအသက်အလိုက်ပုတီးစိတ်ခိုင်း ညဖက်ရောက်တော့ဗိုက်ဆာလို့ ဂျီချင်တဲ့ သမီးငယ်လေးပုတီးပြီးအောင်စိတ်ပြီး စောစောအိပ်ခိုင်း ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ သာဓုပါစမိုင်းလ်ရေ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

သမီးေလးႏွစ္ေယာက္ကို လိမၼာေရးျခားရွိေအာင္အျပင္ ဘုရားတရားကိုင္းရႈိင္းတတ္ေအာင္ပါ သင္ေပးတယ္ဆိုတဲ့ စမိုင္းလ္

ကိုယ္တိုင္လည္းဘုရားတရားကိုင္းရႈိင္းသလို ကိုယ့္အနီးအနားပတ္ဝန္းက်င္ကိုလည္း ကုသိုလ္ေတြျဖန႔္ေဝေပးတတ္တဲ့ စမိုင္း လ္တစ္ေယာက္ သမီးေလးႏွစ္ေယာက္ကိုလည္း ဘာသာတရားကိုင္းရႈိင္းတတ္ေအာင္ အၿမဲတမ္းသင္ျပေပးတဲ့ မိခင္ ေကာင္းတစ္ဦးပါ။ မိဘဆိုတာ သားသမီးေတြရဲ႕လက္ဦးဆရာပဲမို႔ ကိုယ့္သားသမီးေတြကို ေကာင္းေမြေတြ ေပးႏိုင္ဖို႔ အေရးႀကီးပါတယ္။

စမိုင္းလ္ကေတာ့ ႏိုင္ငံျခားမွာေက်ာင္းတက္လာတဲ့သမီးေလးႏွစ္ေယာက္ကို ျမန္မာစာ အေရး အဖတ္ အေျပာကို ေသခ်ာသင္ေပး ၿပီး ဗုဒၶဘာသာကိုလည္း ထဲထဲဝင္ဝင္နားလည္ေအာင္ ရွင္းျပတတ္တဲ့ မိခင္ေကာင္းတစ္ဦးပါ။ နားလည္႐ုံသာမက ရင္ထဲကေန ၾကည္ညိဳသဒၶါပြားၿပီး ကိုးကြယ္တတ္လာေအာင္ပါ လမ္းၫႊန္တတ္ပါေသးတယ္။

မေန႔ကလျပည့္ေန႔ေလးမွာေတာ့ သမီးေတြရဲ႕ပုံရိပ္ေလးကို ” လက္ဦးဆရာမည္ထိုက္စြာ ပုပၸာစရိယမိနဲ႔ဖတဲ့ သမီးေတြ လိမၼာေရးျခားရွိယံုတင္မဟုတ္ ဘာသာေရးပါစိတ္ဝင္စားေအာင္ သင္ေပး ကဆုန္လျပည့္ေန႔ဗုဒၶေန႔ (၉) ပါးသီလတစ္အိမ္လုံး ေစာင့္တည္။ အရဟံသိႏၶိဘဂဝါ ေအာင္ (၁၀) ပတ္ အရဟံအသက္အလိုက္ပုတီးစိတ္ခိုင္း ညဖက္ေရာက္ေတာ့ဗိုက္ဆာလို႔ ဂ်ီခ်င္တဲ့ သမီးငယ္ေလးပုတီးၿပီးေအာင္စိတ္ၿပီး ေစာေစာအိပ္ခိုင္း ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ သာဓုပါစမိုင္းလ္ေရ။

Happy – Cele Zone
Photo – Smile